Unicode
"ဦးဦးဒေါက်တာနဲ့ ပါးပါးက အရမ်းခင်ကြတယ်မလားဟင်။ဘိုးဘိုးတို့နှစ်ယောက်ဆို
သွေးသားမတော်စပ်ကြပေမယ့် ညီအစ်ကိုအရင်းသဖွယ် ချစ်ခင်ကြတာပဲ""ဦးဦးတို့က ကျောင်းအတူတူ တက်ကြတာလေ၊ သမီးရဲ့ပါးပါးက အရမ်းကို ဆိုးတာ။
ကလေးဆိုးလေးပေါ့ ၊ သူက ရုပ်တည်ကြီးနဲ့လည်း စနောက်တတ်သေးတယ်"ရှောင်းကျန့်ရဲ့စကားကို သဘောကျကာ
ဝမ်ဝမ်တစ်ယောက် လွတ်လပ်ပေါ့ပါးစွာဖြင့် ဟက်ဟက်ပက်ပက်ရယ်မိနေပါတော့သည်။"ဒါနဲ့ ဦးဦးဒေါက်တာ သမီးရဲ့ မားမားကို
မြင်ဖူးလားဟင်"ဝမ်ဝမ်အမေးကြောင့်ရှောင်းကျန့်မျက်ခုံးနှစ်ဖက် မြင့်တက်သွားသည်။
"ဝမ်ဝမ်က မားမားကို မမြင်ဖူးဘူးလား"
သူမလေးက နှုတ်ခမ်းလေးဆူကာ
ချစ်စဖွယ် ခေါင်းခါပြနေသည်။"ပါးပါးကပြောတယ်သမီးမားမားက သမီးကို မွေးပြီးတာနဲ့ဆုံးသွားတာတဲ့။အဲ့ဒါကို သမီးလက်ခံနိုင်ပါသေးတယ်၊ဒါပေမဲ့ မားမားရဲ့ရုပ်ကိုမြင်လည်းမမြင်ဖူးဘူး၊ ဓာတ်ပုံတစ်ပုံမှလည်း မရှိဘူးဆိုတော့ အဓိပ်ပါယျရှိရဲ့လား"
ဝမ်ဝမ်ရဲ့စကားကြောင့် ရှောင်းကျန့်လည်း
အနည်းငယ်အံ့သြသွားရသည်။အဖိုးဖြစ်သူကလည်း ရိပေါ် ရဲ့ဇနီးက ဝမ်ဝမ်ကို
မွေးပြီးပြီးချင်းဆုံးသွားတယ်တဲ့။ဘယ်လို
ပဲ ဖြစ်ဖြစ် သူမတို့ မဂ်လာဆောင်တုန်းက
ဓာတ်ပုံတစ်ပုံတော့ ရှိနေသင့်တယ်မလား။"ဦးဦးဒေါက်တာမှာ ချစ်သူရှိလားဟင်"
သူမလေးအမေးကြောင့် အရယ်ကလေးနဲ့
ရှောင်းကျန့် ခေါင်းခါပြလိုက်သည်။"တကယ် ၊ ဦးဦးဒေါက်တာက တစ်ခါမှ
ရည်းစားမထားဖူးဘူးလား""ဦးဦးက လူပျိုကြီးပဲ လုပ်ဖြစ်မယ်ထင်တယ်"
သူ့မေးခွန်းကို ဦးဦးဒေါက်တာက မဖြေပဲ
စကားလုံးလှလှလေး သုံးသွားတာကြောင့်
ဝမ်ဝမ် နှုတ်ခမ်းစူထော်သွားရသည်။"ရည်းစားမရှိတာ တစ်မျိုးလည်းကောင်းပါတယ်၊ အခုခေတ် မိန်းကလေးတွေက
သစ္စာမရှိဘူးလို့တော့ သမီးထင်တာပဲ။
အဲ့ကြောင့် ဦးဦးဒေါက်တာ ရည်းစားမထားနဲ့နော"
YOU ARE READING
Daddy Pa Pa Xiao Wang Wang ✔✔
FanfictionSeme-Xiao Zhan Uke-Wang Yi Bo Season 1(Completed) Season 2(Completed) Zhanyi Fanfiction Credit to the photo. ဒီficမှာ စာရေးသူရဲ့အားနည်းချက်တွေများစွာရှိပါတယ်။ အချိန်ရှိရင် ပြန်ပြင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇ...