Unicode
"ဝမ်ဝမ် ပါးပါးဆိုဖာပေါ် မှာပဲ အိပ်လိုက်မယ်၊ ကုတင်က ကျဉ်းတော့ နှစ်ယောက်ဆို အဆင်ပြေမှာမဟုတ်ဘူး"
သူ့ပါးပါးရဲ့စကားကြောင့် ဝမ်ဝမ်နှုတ်ခမ်းလေးဆူကာ ခေါင်းတွင်တွင်ခါရမ်းပြီး
"မကျဉ်းပါဘူး ယောကျာ်းလေးအချင်းချင်းပဲ ပူးပူးကပ်ကပ်အိပ်
လည်း ပြသနာမရှိပါဘူး
ဟုတ်တယ်မလား Daddy"သူမလေးက မျက်လုံးလေးကလယ်ကလယ်နဲ့ သူ့ကိုစစ်ကူတောင်းသလိုဆိုလာတော့ရှောင်းကျန့်က မျက်ခုံး
ပင့်ခေါင်းငြိမ့်ပြလိုက်သည်။"တွေ့တယ်မလား ရတယ်တဲ့၊ အဟင်း
လူကြီးတွေ ပြေလည်တာမြင်ရတော့
ရောဂါတစ်ဝက်သက်သာသွားသလိုပဲ"အတိုင်အဖောက် သိပ်ညီလွန်းသော
သူတို့နှစ်ယောက်ကိုကြည့်ပြီးရိပေါ် မျက်နှာ သုန်မှုန်သွားလေသည်။"အား ပါးပါးကို ကြည့်ရတာ ကုတင်ပေါ် က ပြုတ်ကျမှာဆိုးလို့ထင်တယ်။
Daddyကို သေချာခွထားပေါ့ ပါးပါးရယ်
ဘာခက်တာမှတ်လို့။ဒါမဟုတ် ခုလေ့ကျင့်ကြည့်ပါလား""ဟမ်!"
"ဟုတ်တယ်လေး ပါးပါးဒီလောက်ငြင်းပုံထောက်ရင် ကုတင်ပေါ် ကေန ပြုတ်ကျမှာဆိုးလို့ ဟုတ်တယ်မလား။ခု သွားလေ့ကျင့်ကြည့် သမီးကြည့်ပေးမယ်"
ဝမ်ဝမ်ရဲ့စကားကြောင့်မှုန်တည်တည်အကြည့်နဲ့ သူ့ကိုကြည့်လာသောရိပေါ် ကြောင့် ရှောင်းကျန့်မျက်ခုံးပင့်ရင်း အကြည့်လွဲလိုက်သည်။
"Daddyသွားလေ"
သူ့တစ်ယောက်တည်းကို လေ့ကျင့်ခိုင်းတယ်လို့ ရိပေါ် ထင်ခဲ့တာ ၊အခုတော့
ဒီလူကြီးနဲ့ပါဆိုတော့ ပါးစပ်အဟောင်းသားပွင့်လျက် မျက်ခုံးတွေပါ
တွန့်ချိုးသွားရသည်။"နှစ်ယောက်လုံးလား"
ရိပေါ် ထပ်မေးလိုက်သည်။
"အင်းလေ နှစ်ယောက်လုံး အတူစမ်းအိပ်ကြည့်မှ ဘယ်လိုနေလဲ သိရမှာပေါ့"
"အိုက်ယိုး ခေါင်းတောင် မူးချင်လာပြီး
မြန်မြန်သွားကြလေ ကြည့်ပေးမယ့်
သူကို အားနာကြပါအုံး"
YOU ARE READING
Daddy Pa Pa Xiao Wang Wang ✔✔
FanfictionSeme-Xiao Zhan Uke-Wang Yi Bo Season 1(Completed) Season 2(Completed) Zhanyi Fanfiction Credit to the photo. ဒီficမှာ စာရေးသူရဲ့အားနည်းချက်တွေများစွာရှိပါတယ်။ အချိန်ရှိရင် ပြန်ပြင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇ...