Unicode
ရိပေါ် တို့ထမင်းစားနေစဥ်သူတို့ဆီကိုရှောင်းကျန့်လျှောက်လာတာ
မြင်တော့ စုန်ဖေး၊ချုံလုနဲ့ဝမ်အန်တို့
ထထွက်သွားလေသည်။ရုတ်တရက်မို့
နားမလည်ပေမယ့် သူ့နဲ့မျက်နှာချင်းဆိုင်မှာ ရှောင်းကျန့်ဝင်ထိုင်လိုက်တာကြောင့်
ရိပေါ် မျက်မှောင်ကြုတ်သွားလေသည်။သူတို့နှစ်ယောက်ကို ဘယ်အချိန်ကတည်းက လုရင်းဒါကြည့်နေလဲမသိပါ။
ရုတ်တရက်ပဲ ညာဘက်မှာ လုရင်းဒါဝင်ထိုင်လိုက်တာကြောင့် ရိပေါ် ရော ရှောင်းကျန့်ပါ ပြိုင်တူကြည့်လိုက်သည်။"ကဲ ငါတို့သုံးယောက်နေ့လည်စာအတူမစားရတာကြာပြီးဆိုတော့ ဒီနေ့တော့ အတူတူစားရအောင်"
"ဒါနဲ့ရိပေါ် ငါကြားတာတော့ နင်ရှန်ရှန်ကို
လိုက်နေတယ်ဆို"ရိပေါ် ကဘာမှမဖြေပဲ ထမင်းကိုသာငုံ့စားနေသည်။ရှောင်းကျန့်ကတော့ ရိပေါ်
ဘာဖြေမလဲ စိတ်ဝင်စားလွန်းလို့ ဘေးမှာ
သူ့ကိုအကဲခတ်နေတဲ့ လုရင်းဒါကို
သတိမထားမိပေ။"ရှောင်းကျန့် နင့်ကိုကြည့်ရတာပိန်သလိုပဲ
များများစားနော"လုရင်းဒါဆိုရင်း ရိပေါ် ကိုတစ်ချက်ကြည့်ပြီး ရှောင်းကျန့်ပန်းကန်ထဲ
ငါးကြော်ထည့်ပေးလိုက်သည်။"ရှောင်းကျန့် ဒီတစ်ပတ် ကျောင်းပိတ်ရက်အားလား ရုပ်ရှင်အတူတူသွားကြည့်ရအောင်လေ"
"သြ ဒါနဲ့ ရိပေါ် ရောလိုက်ခဲ့ပါလား ရှန်ရှန်လည်းသွားမယ်ထင်တယ်"
လုရင်းဒါရဲ့စကားကြောင့် ရှောင်းကျန့်ရဲ့အကြည့်က ရိပေါ် ထံရောက်ရှိလာသည်။
"နှစ်ယောက်တည်းအေးဆေးစကားပြောကြပါ၊ ကျွန်တော့်ကိုခွင့်ပြုပါဦး"
ရိပေါ် ဆိုရင်း ထိုင်ရာမှ ထလိုက်ပြီး
အဲ့ဝိုင်းကနေ ထွက်သွားလေသည်။
ရှောင်းကျန့်ကတော့ ဘေးကလုရင်းဒါကိုတစ်ချက်ကြည့်ပြီး သက်ပြင်းသာ ချလိုက်တော့သည်။အတန်းချိန်တွေပြီးလို့ စိတ်ညစ်ညစ်နဲ့ ခြေဦးတည့်ရာ လျှောက်သွားပြီး မိုးနည်းနည်း ချုပ်မှ အဆောင်ကိုပြန်လာဖို့ ရိပေါ် သတိရလိုက်သည်။
YOU ARE READING
Daddy Pa Pa Xiao Wang Wang ✔✔
FanfictionSeme-Xiao Zhan Uke-Wang Yi Bo Season 1(Completed) Season 2(Completed) Zhanyi Fanfiction Credit to the photo. ဒီficမှာ စာရေးသူရဲ့အားနည်းချက်တွေများစွာရှိပါတယ်။ အချိန်ရှိရင် ပြန်ပြင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇ...