Unicode
"ကျန့်....လုရင်းဒါ ဖြစ်နိုင်မလား"
အတွေးတွေနဲ့လွင့်မျောနေတုန်း လင်းအာရဲ့စကားကြောင့် ရှောင်းကျန့်သတိဝင်လာခဲ့သည်။
"လုရင်းဒါလား သူက ဘာအတွက်ကြောင့်
လုပ်မှာလဲ"လင်းအာက သူ့ကိုအားမလိုအားမရနဲ့မျက်နှာရှုံ့ပြရင်း
"မင်းကလည်းကွား အရင်တုန်းက မင်းတို့နှစ်ယောက်သူ့ကိုပြိုင်လုနေကြတာလေ။
နောက်တော့ သူကမင်းကိုပြန်စိတ်ဝင်စားလာတယ်၊ အဲ့အချိန် မင်းကကျတော့
ရိပေါ် နဲ့ ဘာဘာညာညာဖြစ်နေပြီးလေ""သူကအခု ဘယ်မှာလဲ"
"အဲ့ဒါတော့ပြောရခက်တယ်ကွ၊ မင်း
အမေရိကကို ထွက်သွားပြီး နောက်ပိုင်းမှာ
လုရင်းဒါကျောင်းမလာတော့ဘူး။နောက်မှ
ငါတို့သိရတာက သူကျောင်းထွက်သွားတယ်တဲ့။လုရင်းဒါရူးသွားတယ်လို့တောင်သတင်းထွက်သေးတယ်၊ဟုတ်မဟုတ်တော့မပြောတတ်ဘူး။ရှောင်းကျန့်ဘက်က ငြိမ်ကျသွားချိန်
လင်းအာမှာ သူ့ကိုကြည့်ပြီး ခေါင်းခါယမ်းရင်းဖုန်းဝင်လာတော့ ကိုင်လိုက်သည်။လုရင်းဒါက ဘာအတွက်ကြောင့် ကျောင်း
ထွက်လိုက်တာလဲ။တကယ်ပဲ ဒီကိစ္စက
လုရင်းဒါလုပ်ခဲ့တာလား။ရှောင်းကျန့်
တွေးရင်း ခေါင်းခြောက်လာရတော့သည်။"ဟျောင့် နောက်ရက်မှ ဆက်ပြောကြမယ်
ငါအခု အရေးကြီးကိစ္စရှိလို့"လင်းအာက သူ့ပုခုံးလှမ်းပုတ်ရင်းဆိုင်ကနေထွက်သွားသည်။
ရှောင်းကျန့်လည်းတွေးရင်းတွေးရင်းနဲ့
သူအမေရိက ရောက်မသွားခင် ညကို
ပြန်ရောက်သွားသည်။သူတီလေးနဲ့ လုရင်းဒါကိုနှုတ်ဆက်ပြီး
ရိပေါ် ကိုရှာဖို့ ဆေးရုံကနေ ထွက်လာခဲ့သည်။ သူ့မှာ အရင်ရက်တွေက ရိပေါ် နဲ့ချိန်းထားခဲ့တဲ့နေရာကို ထွက်လာဖို့
လုပ်ပေမယ့် လမ်းမပေါ် မှာ လူတစ်ယောက်လဲကျနေတာတွေ့တော့ ကားပေါ် ကဆင်းပြီး အနားသို့ လျှောက်လာခဲ့သည်။မှောက်လျက်သားနဲ့ အမျိုးသားတစ်ယောက် သေလား၊ ရှင်လား မပြောတတ်ပေမယ့် အသက်ရှင်နေသေးရင် သူ့မှာ
ကူညီဖို့ဆုံးဖြတ်ပြီးသားပေ။
YOU ARE READING
Daddy Pa Pa Xiao Wang Wang ✔✔
FanfictionSeme-Xiao Zhan Uke-Wang Yi Bo Season 1(Completed) Season 2(Completed) Zhanyi Fanfiction Credit to the photo. ဒီficမှာ စာရေးသူရဲ့အားနည်းချက်တွေများစွာရှိပါတယ်။ အချိန်ရှိရင် ပြန်ပြင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇ...