part (26)

5.1K 365 26
                                    

Unicode

"လူအများရဲ့ကြိုက်နှစ်သက်ခြင်းခံရတဲ့
နှင်းဆီပန်းကလေးများကို ဆူးများဝန်းရံဘိသကဲ့သို့.....

အချစ်လမ်းခရီဖြောင့်ဖြူးသာယာဖို့
ဒုက္ခတွေလည်း ဝန်းရံနေတတ်သည်....

ဒါပေမဲ့ ဒုက္ခဆိုတဲ့နာမည်ဆိုးလေးအစား
သုခဆိုတဲ့ နာမည်ကောင်း
လှလှလေးက ချစ်သူနှစ်ဦးကြား
အစားထိုးဝင်စပြုလာပြီး..."

ရိပေါ် အသက် (25)နှစ်ပြည့် မွေးနေ့
ပြီးစီးချိန်မှာတော့ အိမ်ကလူတွေလည်း
အလျိုလျိုပျောက်ကွယ်သွားလေပြီး။

အခန်းထဲအဝင် ဆိုဖာပေါ် မှာထိုင်ပြီး
တစ်စုံတစ်ရာပြုံးကြည့်နေတဲ့ ရှောင်းကျန့်ကိုမြင်တော့ ခြေလှမ်းကျဲကြီးတွေနဲ့
အနားသို့ ရိပေါ် ရောက်လာသည်။

အဘိုးမွေးနေ့တုန်းက မိန်းကလေးလို
ဝတ်စားဆင်ယင်ထားတဲ့ သူ့ပုံကို ကြည့်နေတယ်လို့သိရတဲ့အချိန် ရုတ်တရက်ပဲ
ရိပေါ် ဆွဲယူလိုက်သည်။သို့ပေမယ့် ရှောင်းကျန့်ရဲ့မြန်ဆန်လှတဲ့ လက်တစ်ဖက်က သူ့လက်ကိုဆွဲပြီး ဓာတ်ပုံကိုလုရင်း ဆိုဖာပေါ်
တွန်းလှဲလိုက်တဲ့အချိန်မှာတော့ ရိပေါ် ခဏကြောင်သွားသည်။

သူ့ကိုငုံ့မိုးကြည့်လာသော ရှောင်းကျန့်ရဲ့အကြည့်တွေက နူးညံ့လွန်းတာမို့
ရိပေါ် ရင်ခုန်ချင်လာသည်။ဒါပေမဲ့ ဒီလူကြီးကို သူလွယ်လွယ်နဲ့ အရှုံးမပေးချင်ပါ။

ရုတ်တရက် လက်ဆစ်နဲ့ နဖူးကိုအခေါက်ခံလိုက်ရချိန်မှာတော့
နာကျင်သံယဲ့ယဲ့လေးနဲ့အတူ
ဆိုဖာပေါ် ရှောင်းကျန့်ပြန်ထိုင်ချလိုက်သည်။ရိပေါ် က ဓာတ်ပုံကို ဆွဲယူပြီး

"သူများပုံယူပြီး ဘာလုပ်မလို့လဲ"

နဖူးလေးပွတ်ရင်း မျက်လုံးမပွင့်တပွင့်နဲ့ ရိပေါ် ကို ရှောင်းကျန့်ကြည့်လိုက်တော့
ဘာရယ်မဟုတ်ပဲ နဖူးကနာကျင်မှု
သေးသေးလေးက ချက်ချင်းပျောက်ကွယ်သွားသည်။အချစ်ရဲ့စွမ်းအားလို့ပြောရင်
လွန်သွားမလား။ ရိပေါ် ကအမြဲတမ်းရုပ်တည်ကြီးနဲ့နေတတ်ပေမယ့် ဖြူဖွေးနုဖတ်သောမျက်နှာကလေးက တစ်ခါတလေတော့အပြစ်ကင်းစင်တဲ့ကလေးလေးတစ်ယောက်လို အတော်လေး ချစ်စရာကောင်းနေသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now