part (8)

4.3K 370 30
                                    

Unicode

မနက်2နာရီလောက်မှာ ခြေထောက်နှစ်ချောင်းရဲ့ထိုးကိုက်နာကျင်မှုကြောင့်
ဝမ်ဝမ်ဆက်အိပ်လို့မရပေ။အခုတလော
မပြေးရင်တောင် လမ်းလျှောက်ရင်
ခဏခဏချော်လဲတာမို့ လူကြီးတွေမသိ
အောင်ဂရုစိုက်နေရသည်။ခြေထောက်အ
ရိုးထဲက ထုံကျင်မှုက အတော်လေးဆိုးရွားသွားမို့ သူ့မှာတစ်ယောက်တည်း ကြိတ်ငိုလိုက်မိသည်။ပါးပါးကို သူအိပ်ရေးမပျက်စေချင်ပါ ၊တစ်ရက်လုံး အလုပ်တွေနဲ့
ပင်ပန်းနေတဲ့ပါးပါးရဲ့အခန်းကိုသွားပြီး
တကူးတကလည်း သူမခေါ် တော့ပေ။

နာကျင်မှုကြောင့် ခဏငိုလိုက်ပေမယ့်
သူမဟာ ကိုယ့်ကိုယ်ကို အားတင်းပြီး
ထထိုင်လိုက်သည်။ သူမရဲ့ရင်ကျက်မှုက
အသက်အရွယ်နဲ့မလိုက်အောင်ပါပဲ
မနက်မိုးလင်းတဲ့အထိ နာကျင်မှုကို
အံကြိတ်လာခဲ့သည်။

ရိပေါ် သည် ဒီမနက် သမီးလေး အိပ်ရာထနောက်ကျလို့ဆိုပြီး မနက်စာစားပြီးတာနဲ့
အပေါ် တက်လာကာ အခန်းတံခါးကို
အသာခေါက်ကြည့်လိုက်သည်။

"ဝမ်ဝမ် သမီး နိုးနေပြီးလား"

အထဲကဘာတုံ့ပြန်သံမှမကြားတော့
တံခါးကို ရိပေါ် အသာတွန်းကြည့်
လိုက်သည်။လော့ခ်မချထားတာမို့
ဘယ်လောက်မျှမတွန်းလိုက်ရပဲ
တံခါးက ပွင့်သွားသည်။

တံခါးနဲ့ ၅ပေလောက်အကွာမှာ ရပ်ပြီး
ကျောင်းဝတ်စုံပြည့်နဲ့သမီးလေးက သူ့ကိုရယ်ပြနေတာတွေ့တော့ ရိပေါ် အနည်းငယ် အံ့သြသွားသည်။

"ဟင် သမီးကပြင်ဆင်လို့တောင်ပြီးသွားပြီးပဲ ၊ဘာလို့ အောက်ကိုဆင်းမလာတာလဲ ပါးပါးက စိုးရိမ်နေတာ"

"အဟင်း ဒီလိုပဲလေ ၊တစ်ခါတစ်လေ
အပြောင်းအလဲ ဖြစ်သွားအောင်လို့ပါ"

"ဒါနဲ့ သမီးမျက်တွင်းချိုင့်နေပါလား
အိပ်ရေးမဝဘူးလား"

ပါးပါးရဲ့စကားကြောင့် ဝမ်ဝမ်က ယောင်ပြီးလက်နဲ့မျက်နှာကို အသာထိလိုက်သည်။

"မဟုတ်တာ သမီးဖြင့် ညတုန်းက
တစ်ရေးမှတောင်မနိုးဘူး"

"တကယ်နော မလိမ်ရဘူး"

"တကယ်ပါဆို ပါးပါးကလည်း ဗိုက်ဆာနေပြီး လာသွားရအောင်"

ဝမ်ဝမ်သည် သူ့ပါးပါးလက်ကိုဆွဲပြီး အခန်းကနေထွက်လာကာအောက်ထပ်ကိုဆင်းလာခဲ့သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now