part (34)

4K 315 23
                                    

Unicode

ဒီနေ့အငယ်နှစ်ယောက်နဲ့ စျေးဝယ်ထွက်စဥ် ရုတ်တရက်ရှေ့တည့်တည့်မှာ
လင်းယွီရှန်းကိုမြင်လိုက်ရတော့ ဝမ်ဝမ်မျက်လုံးပြူးသွားလေသည်။
စီစီနဲ့ဇီဇီလည်း ရှေ့ဆက်မသွားတဲ့သူတို့အစ်မရဲ့အကြည့်ရောက်ရာကိုကြည့်တော့ suitအပြည့်နဲ့
ချောမောခန့်ညားသော ယောကျာ်းတစ်ယောက်ကိုမြင်လိုက်ရသည်။

ဝမ်ဝမ်သည် အငယ်နှစ်ယောက်ရှေ့မှာမို့
လင်းယွီရှန်းကို မသိချင်ယောင်ဆောင်ပြီး
လှည့်ထွက်သွားဖို့ခြေ
လှမ်းစတင်လှမ်းသည်။
လင်းယွီရှန်းကလည်း ခပ်တည်တည်နဲ့ပဲ
ဝမ်ဝမ်ရှေ့ပိတ်ရပ်လာသည်။

ဒီတော့ စီစီနဲ့ဇီဇီလည်း မျက်လုံးချင်းဆုံးသွားသည်။

"ကော"

ရုတ်တရက် အငယ်နှစ်ယောက်က
လင်းယွီရှန်းလက်ကို တစ်ဖက်စီ
ပြေးကိုင်တော့ ဝမ်ဝမ်မျက်လုံး
ပြူးသွားလေသည်။

"ကော တိတိနာမည်က ရှောင်းစီရှန်းပါ"

"ကျွန်တော်က ရှောင်ဇီရှန်း မောင်နှမထဲက
အငယ်ဆုံးလည်းဟုတ်တယ်၊အချောဆုံးလည်း ဟုတ်တယ်"

သူ့ကိုသူမိတ်ဆက်ရင်း အမွှန်းတင်နေတဲ့
ဇီဇီကို ကြည့်ပြီး ဝမ်ဝမ် ခေါင်းကုပ်နေမိသည်။

"စီစီ၊ဇီဇီ ဘာလုပ်နေကြတာလဲ။အိမ်ပြန်ရအောင်"

"ကောက ကျဲရဲ့ချစ်သူလား"

စီစီရဲ့အမေးကြောင့် ဝမ်ဝမ်ကိုကြည့်ပြီး
လင်းယွီရှန်းပြုံးလိုက်သည်။

"တိတိတို့ ဘာလိုချင်လဲ ကြိုက်တာပြော
ကော ဝယ်ပေးမယ်"

"ရေး...တကယ်လား စစ်လေယာဥ်ပျံဝယ်မယ်၊ သေနတ်ဝယ်မယ်၊ကျည်ဆံဝယ်မယ်"

စီစီရဲ့စကားကြောင့် ဝမ်ဝမ်မျက်လုံးပြူးသွားလေသည်။

"ဇီဇီကရော ဘာယူမှာလဲ".

"တိတိက မုန့်တွေအများကြီးဝယ်မယ်"

"ကောင်းပြီး သွားရအောင်"

အငယ်နှစ်ယောက် လက်ဆွဲပြီး လင်းယွီရှန်းထွက်သွားတော့ ဝမ်ဝမ်လည်း နောက်ကနေ ပြေးလိုက်လာခဲ့သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Hikayelerin yaşadığı yer. Şimdi keşfedin