Chapter (8) uni

5.9K 443 4
                                    

နေအလင်းရောင်စူးစူးကြောင့် ရိပေါ် မျက်လုံးကို အသာဖွင့်ကြည့်လိုက်သည်။
အောက်ထပ်က ရယ်သံယဲ့ယဲ့လေးက
အဘိုးဖြစ်သူရဲ့အသံမှန်း ချက်ချင်း
သိလိုက်သည်။နောက်တစ်ယောက်က
သွေးသားအရင်းချာမဟုတ်တဲ့
အဘိုးရှောင်၊နောက်ထပ်ရယ်သံတစ်ခုက ရှောင်းကျန့်ဆိုတာမလွဲနိုင်။

ဝမ်းဗိုက်က နာကျင်မှုကြောင့် ရိပေါ် ထ ထိုင်ဖို့လုပ်စဥ် အိပ်ယာပေါ် ပြန်လဲကျသွားသည်။သူ့မှာ ဟိုဘက် ဒီဘက်တောင်
လှည့်လို့မရတာမို့ ထထိုင်ဖို့ ပိုဝေးစွ။

ရုတ်တရက် အခန်းတံခါးပွင့်လာတော့
ခေါင်းမလှည့်ချင်တာနဲ့ မျက်လုံးစွေကြည့်လိုက်သည်။အခန်းထဲ ရှောင်းကျန့်ဝင်လာတော့ရိပေါ် မျက်မှောင်ကြုတ်သွားလေသည်။

"မလာနဲ့ ငါ့အခန်းထဲ ဝင်မလာနဲ့"

ဆက်ခနဲ သူ့ကို ရှောင်းကျန့်ဆွဲထူတော့
ရိပေါ် မျက်နှာရှုံ့မဲ့သွားသည်။

"ဆန်ပြုပ်သောက်ရအောင်"

စားပွဲပေါ် က ဆန်ပြုပ် ပန်းကန်ကို တစ်ချက်ကြည့်ပြီး ရိပေါ် အကြည့်လွဲသွားသည်။

ရှောင်းကျန့်က နောက်မှာခေါင်းအုံးခံပေးကာ ရိပေါ် ကိုမှီစေလိုက်သည်။သူ့ကို
မကျေနပ်အကြည့်နဲ့ကြည့်ပေမယ့်
ပြန်လည်ခုခံလို့မရတာကြောင့်
ရှောင်းကျန့်မသိသလိုနေလိုက်သည်။
စားပွဲပေါ် က ဆန်ပြုပ်တစ်ဇွန်းခပ်ပြီး
အသာမှုတ်ပေးကာ တိုက်ဖို့လုပ်တော့
ရိပေါ် က မျက်နှာကို တစ်ဖက်လှည့်သွားသည်။

"ဒီအရွယ်ရောက်နေပြီး ခလေးကဆန်နေတုန်းလား ချစ်စရာလည်းမကောင်းပဲနဲ့"

ရှောင်းကျန့်ဆိုရင်း ရိပေါ် မေးရိုးကို
ညှပ်ကိုင်ကာ သူ့ဘက်ဆွဲလိုက်ပြီး ပါးစပ်ထဲဆန်ပြုတ်ထည့်လိုက်သည်။

"စောက်ပိုတွေလုပ်တာရပ်တော့ငါအဲ့လိုလူတွေဆို အရမ်းမုန်းတယ် အဲ့တော့
ကြင်နာပြမနေနဲ့"

နာကျင်နေတဲ့ကြားက ဆိုလိုက်တာ
ကြောင့် စကားက တိုးဖွဖွလေးနဲ့
ညင်ညင်သာသာလေးပါပဲ။

"ဟုတ်တယ် ငါက ဟန်ဆောင်ကြင်နာရတာကိုသဘောကျတယ် ၊အဲ့တော့ မင်းကို
လူအများရှေ့မှာ ကြင်နာပြမယ်"

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now