part (24)

4.9K 409 45
                                    

Unicode

ဒီတစ်ပတ်လူနာတွေနဲ့အလုပ်ရှုပ်နေတာမို့
ဝမ်ဝမ်ဆီကို ရှောင်းကျန့်သိပ်မရောက်ဖြစ်
ပေ။တစ်နာရီတစ်ခါတော့ ဖုန်းဆက်သည်။ဖုန်းဆက်လွန်းလို့ ဖုန်းပိုင်ရှင်ကတောင် သူ့ကိုမကြည်တော့ပေ။ဒါပေမဲ့ကြားလိုက်ရတဲ့စကားတစ်ခွန်းကြောင့်ရင်ထဲကြည်နူးခြင်း ၊ပျော်ရွင်ခြင်းကအတိုင်းထက်အလွန်ပါပဲ။

"ဒီတိုင်းဖုန်းဆက်မယ့်အစား ကိုယ်တိုင်
လာခဲ့ပါလားတဲ့"

ရိပေါ် နှုတ်က ထွက်လာတဲ့စကားဟုတ်ရဲ့လားလို့ ရှောင်းကျန့်သံသယဖြစ်မိသည်။ထိုစကားလုံးလေးကို အထပ်ထပ်အခါခါပြန်လည်ကြားယောင်ပြီး သူပြုံးမိတာ ဘယ်နှစ်ကြိမ် ၊ဘယ်နှစ်ခါမှန်းတောင်မသိတော့ပေ။

ဒီနေ့တော့ ပေါ့ပါးသော ခြေလှမ်းတွေနဲ့
ကလေးဆေးရုံသို့ ရှောင်းကျန့်ထွက်လာ
ခဲ့သည်။သူ့လက်ထဲမှာလည်း ဝဝကစ်ကစ်
ယုန်ရုပ်ကလေးတစ်ရုပ်ပါပါလာသည်။
ဝမ်ဝမ်အခန်းရှေ့ရောက်တော့ တံခါးကအနည်းငယ်ပွင့်နေတာမို့ အထဲက မိန်းကလေးတစ်ယောက်ရဲ့ ရယ်သံချိုချို
လေးကို အပြင်ကနေ အတိုင်းသားကြားနေရသည်။

ဘယ်သူများလဲလို့ ရှောင်းကျန့်အသာခိုးကြည့်တော့ အန်းဇီခါဖြစ်နေသည်။သူမလက်ဆောင်ပေးလိုက်တဲ့ လူတစ်ရပ်စာလောက်နီးပါးရှိတဲ့ ဗန်ဒါရုပ်လေးကို
ဝမ်ဝမ်က သဘောတကျနဲ့ ပွေ့ဖက်နမ်းရှုပ်တာမြင်တော့ လက်ထဲက ယုန်ရုပ်ကလေးကို ရှောင်းကျန့်ကြည့်လိုက်သည်။

ရိပေါ် ကတော့ သူမရောက်လာလို့လားမသိ မျက်နှာထက်မှာအပြုံးတို့ဝေဝေဆာဆာ။ကိုယ့်ကိုယ်ကို အချိန်မှားရောက်လာတယ်လို့ တွေးမိပြီ ခပ်ယဲ့ယဲ့လေးပြုံးကာ
ထိုနေရာကနေ ရှောင်းကျန့် ထွက်လာခဲ့
တော့သည်။

ကလေးဆေးရုံကနေ ပြန်ထွက်လာလို့
လမ်းတစ်ဝက်အရောက်မှာတော့
ရှောင်းကျန့်ဆီကို ဖုန်းဝင်လာသည်။

တစ်ဖက်ကပြောလိုက်တဲ့စကားကြောင့်
စာမေးပွဲရလဒ်သိရတော့မလိုရှောင်းကျန့်စိတ်လှုပ်ရှားသွားရသည်။

ဖုန်းချလိုက်တာနဲ့ ကလေးဆေးရုံကို သူပြန်ပြေးလာခဲ့သည်။

*
*
*

Daddy  Pa Pa Xiao Wang Wang ✔✔Donde viven las historias. Descúbrelo ahora