part (4)

4.8K 393 11
                                    

Unicode

ဒီနေ့ ဝမ်ဝမ်ကျောင်းပိတ်တော့ ရှောင်းအိမ်တော်ဘက်ကူးလာခဲ့သည်။သူ့မှာ အစေခံတွေကို မြင်တာနဲ့တစ်ယောက်ပြီတစ်ယောက်နှုတ်ဆက်ပြီး အပေါ် ထပ်ကို ပြေးတက်လာခဲ့သည်။ ဒီအချိန်ဆို မစ္စတာရှောင်းနဲ့မစ္စတာဝမ်က အိမ်ရဲ့အနောက်ခြံထဲမှာရှိနေတာမို့ အိမ်မှာ ရှောင်းကျန့်တစ်ယောက်သာရှိနေသည်။ဒါကို ဝမ်ဝမ်လည်း
သိနေတာမို့ လွတ်လပ်ပေါ့ပါးစွာဖြင့်
ပြေးလာပြီးရှောင်းကျန့်ရဲ့အခန်းတံခါးကို လက်နုနုလေးဖြင့် အသာကလေး ခေါက်
လိုက်သည်။

တံခါးဆွဲဖွင့်ဖွင့်ချင်း မထင်မှတ်ပဲ
ဝမ်ဝမ်ကိုမြင်တော့ ရှောင်းကျန့်
မျက်လုံးအနည်းငယ်ကျယ်သွား
ရသည်။သူမလေးကတော့
သူ့ကိုမြင်တာနဲ့ ချစ်စရာကောင်းသော
အပြုံးတွေနဲ့ ပြုံးပြလာသည်။

"ဦးဦးဒေါက်တာ အိပ်ရေးဝရဲ့လားဟင်၊
အခုမှ ၉နာရီပဲ ရှိသေးတာဆိုတော့
သမီးကြောင့် အနှောင့်အယှက် ဖြစ်
သွားသလား"

"မဟုတ်တာ ဝမ်ဝမ်ရဲ့ ၊ ဦးဦးက အခု
ရေချိုးဖို့လုပ်နေတာ ၊ရေချိုးပြီးလို့
ဝမ်ဝမ်နဲ့ သွားတွေ့ဖို့တောင် တွေးနေတာ"

"တကယ်..အရမ်းပျော်တာပဲ"

ဝမ်းသာအားရနဲ့ လက်ခုပ်လေးတီးပြီး
ရယ်မောပျော်ရွင်နေသော သူမလေးကို
ကြည့်ပြီး ရှောင်းကျန့်လည်းအပျော်
ကူးစက်သွားရသည်။

"ဦးဦးဒေါက်တာနဲ့ ပါးပါးက သူငယ်ချင်းတွေသာဆိုတာ စကားပြောတာလည်း
မတွေ့ရဘူး။ဒါမှမဟုတ် ရန်ဖြစ်ထားကြ
လို့လားဟင်။သမီးအထင် အရမ်းချစ်ကြတဲ့လူတွေပဲ ရန်ဖြစ်တတ်ကြတယ်လို့"

ဆိုဖာပေါ် စိတ်ပျက်လက်ပျက်ထိုင်ချပြီးမျက်နှာလေး ရှုံ့မဲ့ကာ ဝမ်ဝမ်ဆိုတော့
ရှောင်းကျန့်လည်း ဘေးနားဝင်ထိုင်
လိုက်သည်။

"ဒါမှမဟုတ် ဦးဦးဒေါက်တာနဲ့ ပါးပါးနဲ့
တစ်ယောက်ကိုတစ်ယောက် သဘောကျနေကြတာလား..ဟီး"

ရုတ်တရက် ရယ်ရယ်မောမောနဲ့ ဝမ်ဝမ်ဆိုလာတော့ ရှောင်းကျန့်အနည်းငယ် အံ့သြ
သွားရသည်။

"တစ်ယောက်ကိုတစ်ယောက် သဘောမကျဘူးဆိုရင် သမီးရှေ့မှာ တစ်ခါတစ်လေ
လေး စကားပြောကြည့်ပါလား"

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now