ကျောင်းဖွင့်ရက်မှာ ကျောင်းသူကျောင်းသားတိုင်းက အဆောင်မှာပဲနေပြီး
ကျောင်းပိတ်ရက်မှာ တချို့ကအိမ်ပြန်ကြသည်။ မနက်ဖြန် အိမ်ပြန်ခွင့်ရမှာမို့
ဒီနေ့တော့ ကျောင်းသူကျောင်းသားတချို့တက်ကြွနေသည်။ရိပေါ် တို့အဖွဲ့နဲ့ ရှောင်ကျန့်တို့အဖွဲ့ကတော့ အိမ်ပြန်ခွင့်မရပေ။ပြီးခဲ့တဲ့လကသူတို့နှစ်ဖွဲ့ရန်ဖြစ်လို့ ဒါရိုက်တာတိုင်ထားကြောင့်ပေ။ညနေဘက်တွင်အဆောင်ရှေ့ ခုံတန်းလေးမှာ ရိပေါ် တို့အဖွဲ့ ဂီတတစ်လက်ကိုတစ်ယောက်တစ်လှည့်တီးပြီး သီချင်းဆိုနေကြသည်။ထိုအချိန်ရှောင်းကျန့်တို့အဖွဲ့ကလည်းထိုအနားသို့ ဖြတ်လာကြသည်။ထုံးစံအတိုင်းထိုအနားကိုဖြတ်လာတာ လမ်းကြုံလို့မဟုတ်ပဲ အချင်းချင်း စနောက်ပြီးပြသနာရှာချင်တာသက်သက်ကြောင့်ပေ။
ရှောင်းကျန့်က အကြွေစေ့တစ်စေ့ထုတ်ပြီး
ရိပေါ် တို့ရှေ့ပစ်ချလိုက်သည်။"ကျွတ်...ကျွတ် ဟေ့ကောင်တွေကြည့်စမ်း
သနားစရာလေးတွေပါလား"ရှောင်းကျန့်က သူငယ်ချင်းသုံးယောက်ကိုကြည့်ပြီး ဝမ်ရိပေါ် ကို မျက်ခုံးပင့်ပြသည်။
"လောလောဆယ် ငါတို့လည်းမွဲနေလို့
အကြွေစေ့လေးနဲ့ပဲကျေနပ်လိုက်တော့"ငါးခူအပြုံးပြုံးပြသွားသော ရှောင်းကျန့်တို့အဖွဲ့လှည့်ထွက်သွားစဥ် ရုတ်တရက်
အပေါ် ကနေကျလာတဲ့ ခါချဥ်တွေကြောင့်
လေးယောက်သားခုန်ပေါက်သွားကြလေသည်။"ဟေ့ကောင် ခါချဥ်ကိုက်ထားတဲ့အတွက်
ရော့ ဆေးဖိုး"ခုနက အကြွေစေ့ကို ရိပေါ် ပြန်ပစ်ပေးလိုက်ပြီးသူငယ်ချင်းသုံးယောက်ကိုဖက်ကာ အနိုင်ရသွားတဲ့အပြုံးနဲ့ရှောင်းကျန့်ကို လျှာလေးထုတ်ပြလိုက်သည်။ရှောင်းကျန့်ဘက်ကလည်း ငြိမ်ခံမှာမဟုတ်ပဲ
ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို အကြံထုတ်မှာမလွဲပေ။အခုလောလောဆယ်တော့
ခါချဥ်ကိုက်လို့ လေးယောက်သား ခြေမအား လက်မအားဖြစ်နေသည်။......
"ညကျရင်ငါ့အဘိုးမွေးနေ့ကွ"
ရှောင်းကျန့်က ခုံပေါ် မေးတင်ပြီး စိတ်မပါသလိုဆိုလိုက်သည်။သူ့မှာ အိမ်ပြန်ချင်တဲ့အဓိကအကြောင်းအရင်းက လက်ထဲမှာ ပိုက်ဆံမရှိလို့ဖြစ်သည်။ပိုက်ဆံများများရှိရင် လုရင်းဒါကြိုက်တဲ့ပစ္စည်းတွေပေးပြီး
ဝမ်ရိပေါ် ထက် မျက်နှာပိုရအောင် လုပ်ဖို့တွေးထားသည်။
YOU ARE READING
Daddy Pa Pa Xiao Wang Wang ✔✔
FanfictionSeme-Xiao Zhan Uke-Wang Yi Bo Season 1(Completed) Season 2(Completed) Zhanyi Fanfiction Credit to the photo. ဒီficမှာ စာရေးသူရဲ့အားနည်းချက်တွေများစွာရှိပါတယ်။ အချိန်ရှိရင် ပြန်ပြင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇ...