Chapter (3)

6.2K 467 7
                                    

"အား...အခုမှပဲ စိတ်ချမ်းသာတော့တယ်"

အတန်းချိန်တွေပြီးလို့ ဆရာမထွက်သွားတာနဲ့ဝမ့်အန်က အပျင်းကြောလေးဆန့်ကာဆိုသည်။

"ငါတို့ အဆောင်ကိုတန်းမပြန်ရင်
ကောင်းတယ်မလား"

ချုံလုက ဘောပင်ကို ဟိုဘက်ဒီဘက်လှည့်လှည့်ရင်းဆိုတော့ စုန်ဖေးနဲ့ ဝမ့်အန်လည်း
ထောက်ခံလိုက်သည်။

ရိပေါ် ကတော့ သူတို့ပြောနေတာတွေကို
စိတ်ဝင်စားပဲ ဟိုညကတွေ့ခဲ့တဲ့
မိန်းမလှလေးအကြောင်းကို ပြန်တွေးနေသည်။

"ဟျောင့် ဘာဖြစ်နေတာလဲ "

စုန်ဖေးက သူ့လက်ကို ပုတ်ပြီး မေးလာတော့ ရိပေါ် မော့ကြည့်လာသည်။

"ဘာမဟုတ်ဘူး ပြန်ရအောင်"

ရိပေါ် ဆိုပြီး ရုတ်တရက်ထတော့ ခုံက
ဖင်နဲ့ကပ်ပါလာသည်။

ရိပေါ် ကိုကြည့်ပြီး စုန်ဖေး၊ချုံလုနဲ့ဝမ့်အန်
တို့လည်း အံ့သြဟန်ဖြင့် မတ်တပ်ထရပ်ဖို့လုပ်သည်။သူတို့လည်း ရိပေါ် လိုပဲ
ခုံက ဖင်နဲ့ကပ်ထားသလိုဖြစ်နေသည်။

"တောက် ဟိုခွေးတွေလက်ချက်ပဲ"

ချုံလုက တက်ခေါက်ရင်းဆိုပြီး ပြန်ထိုင်ချလိုက်သည်။

"ဒါဆို ဒီနေ့အတန်းချိန်တွေဆက်တိုက်ရှိနေတယ်ဆိုတာ သူတို့သိပြီးသားပေါ့"

ဝမ့်အန်က တွေးတွေးဆဆလေး
ဆိုတော့ သုံးယောက်သား ငြိမ်ကျ
သွားလေသည်။

"မတတ်နိုင်ဘူး ဘောင်းဘီတော့ ချွတ်ရမှာပဲ"

နောက်ဆုံးတော့ လေးယောက်သား
ဘောင်းဘီချွတ်လိုက်ရသည်။
သူတို့ဘောင်းဘီချွတ်နေစဥ်
အူတက်ပြီး ဗီဒီယိုရိုက်ထားတဲ့
လူတစ်စုကိုရှိမှန်းတော့ သတိမထား
မိကြပေ။

.....

"ရင်းဒါ"

ရှန်ရှန်နဲ့လုရင်းဒါတို့ ကန်တင်းရောက်သွားချိန် ရှောင်းကျန့်အသံကြောင့် နှစ်ယောက်သား လှည့်ကြည့်လိုက်သည်။

သူတို့ဆီ ရှောင်းကျန့်လျှောက်လာတော့
ရှန်ရှန်က လုရင်းဒါကို မျက်ခုံးပင့်ပြပြီး
အရင်ထွက်သွားနှင့်သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now