part (5)

5.1K 413 23
                                    

Unicode

"ဦးဦးဒေါက်တာ...ဦးဦးဒေါက်တာ.."

သူ့နာမည်ကိုအော်ခေါ် ရင်း အမောတကောနဲ့ပြေးလွှားရောက်လာတဲ့ ဝမ်ဝမ်ကိုမြင်တော့ ဖုန်းပြောနေရင်း ရှောင်းကျန့် ကသောကမျော ပြေးလာခဲ့သည်။

"ဝမ်ဝမ် ဘာဖြစ်တာလဲ"

"ပါးပါး လက်ဓားရှသွားလို့"

ရိပေါ် လက်ဓားရှသွားတယ်ဆိုလို့ အပေါ်
ထပ်ကို ရှောင်းကျန့်ပြေးတက်သွားပြီး
ခဏကြာတော့ ဆေးပစ္စည်းတစ်ချို့ပါ
ပါလာသည်။

အောက်ထပ်ကိုပြန်ရောက်တာနဲ့
ရုတ်ခြည်းပဲ ဝမ်ဝမ်ကို ရှောင်းကျန့်
ချီလိုက်ပြီး ဒီဘက်ခြံကို ကူးလာခဲ့သည်။
အိမ်ကအစေခံမလေးတွေလည်း
ရေးကြီးသုတ်ပြာနဲ့ ပြေးလွှားနေတဲ့
သူ့တို့သခင်လေးကို မြင်တော့
ဘာဖြစ်တာလဲဆိုပြီး အချင်းချင်း
မေးမြန်းနေကြတော့သည်။

ဧည့်ခန်းကအထွက် ဝမ်ဝမ်ကိုချီကာ
အိမ်ထဲပြေးဝင်လာတဲ့ ရှောင်းကျန့်ကို
မြင်တော့ ရိပေါ် မျက်မှောင်ကြုတ်သွား
လေသည်။

စီးပွားရေးဝတ်စုံပြည့်နဲ့ ရိပေါ် ကို
အေးဆေးမြင်နေရတော့ ရှောင်းကျန့်
ခြေလှမ်းများတန့်ကာ ဝမ်ဝမ်ကို
ကြည့်လိုက်သည်။

ငြိမ်သက်သွားတဲ့ရေပြင်ကိုပြန်
လည်လှုပ်ရှားစေခြင်းအလို့ငှာ
ရှောင်းကျန့် ကိုယ်ပေါ် ကနေ ဝမ်ဝမ်
ဆင်းလိုက်သည်။

"ဝမ်ဝမ်ပြောတော့ မင်းလက်ဓားရှထားတယ်ဆို"

ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ် က
ဓားထိထားတဲ့ သူ့ဒဏ်ရာကို ကြည့်လိုက်သည်။ဧကန္တဝမ်ဝမ်သွားပြောလိုက်လို့
ဒီလူကြီးရောက်လာခဲ့တာပါလား။

"ဟိုလေ ခုနက ပါးပါးတကယ်ပဲ လက်ရှသွားလို့ သွေးထွက်တာမြင်တော့ သမီး
လည်းအများကြီးထင်တာပေါ့။အဲ့ကြောင့်
ဦးဦးဒေါက်တာဆီပြေးသွားခဲ့တာလေ"

အဆူခံရမှာဆိုးလို့ မျက်နှာငယ်ကလေးနဲ့
ဖြေရှင်းချက်ပေးနေတဲ့ ဝမ်ဝမ်ကို
ရိပေါ် ရော ရှောင်းကျန့်ပါ မျက်တောင်မခတ် ကြည့်နေမိကြသည်။

"အခုပါးပါးက ပလာစတာကပ်ပြီးသွားပေမယ့် ပိုးတွေဘာတွေဝင်သွားနိုင်သေးတယ်။ဦးဦးဒေါက်တာလည်း လာလက်စနဲ့
ကြည့်ပေးသွားပါလား၊ ထည့်ရမယ့်ဆေးတွေ ၊သောက်ရမယ့် ဆေးတွေလည်း
ပြောသွားလေ"

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now