Chapter (6). .uni

5.4K 440 6
                                    

"ဟေ့ကောင်တွေ ရပ်လိုက်စမ်း"

ဝမ့်အန်၊ချုံလု၊စုန်ဖေးတို့ မုန့်တွေ၊စားစရာတွေသွားဝယ်ပြီးလို့ ပြန်လာတော့ လမ်းမှာ
သူ့တို့ကို သေနတ်နဲ့ချိန်လိုက်တဲ့ အနက်ရောင်ဝတ်စုံနဲ့ လူသုံးယောက်ကြောင့်
သုံးယောက်သား ထိတ်လန့်တုန်လှုပ်သွားရသည်။

အနက်ရောင်ဝတ်စုံနဲ့ လူတွေက မျက်နှာကို
Maskနဲ့အုပ်ထားတာကြောင့် ဘယ်သူဘယ်ဝါမှန်း မသိရပေ။စုန်ဖေးက
ကြောက်ကြောက်နဲ့ပဲ ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။ သူတို့အခုရောက်နေတဲ့နေရာက
လူတွေအသွားအလာမရှိပဲ တိတ်ဆိတ်ကာ
မှောင်ရိပ်ကျနေသည်။အော်လိုက်ရင်
ဒီလူတွေက သူတို့ကို သေနတ်နဲ့ ဒိုင်းခနဲ
ပစ်သွားမှာဆိုးတာကြောင့် သုံးယောက်သား လှုပ်တောင်မလှုပ်ရဲပေ။

"မင်းတို့လက်ထဲက ဘာတွေလဲ"

ချုံလုနောက်က တစ်ယောက်က လေသံခပ်မာမာနဲ့မေးတော့ ဝမ့်အန်ကြောက်လွန်းလို့
ကိုယ်လေးသိမ့်ခနဲတုန်သွားရသည်။စုန်ဖေးကတော့ ဝမ့်အန်ကိုမကြောက်ဖို့
မျက်လုံးနဲ့ နှစ်သိမ့်ပေးသည်။သို့ပေမယ့်
သူလည်းမကြောက်တာမဟုတ် ဝမ့်အန်က
သူတို့သုံးယောက်ထဲမှာ အသဲအနုဆုံးဖြစ်တာကြောင့်မို့ပေ။

စုန်ဖေးက အရဲစွန့်ပြီး တံတွေးမျိုချကာ
ခေါင်းမော့လာသည်။

"ကျွန်တော်တို့ စားစရာနဲ့မုန့်တွေ ဝယ်လာတာပါ"

စုန်ဖေးရဲ့စကားကြောင့် ဝမ့်အန်နောက်က
လူက သဘောကျကာရယ်ပြီး

"အဲ့တာတွေထားခဲ့ မင်းတို့သွားတော့၊
သေနတ်မကြောက်ရင် မထားခဲ့လည်း
ရတယ်"

ချုံလုက သူ့လက်ထဲက မုန့်ထုတ်ကို
မြေပြင်ပေါ် ချပြီး ဝမ့်အန်နဲ့ စုန်ဖေးကို
လက်ထဲကစားစရာတွေချဖို့ မျက်လုံးနဲ့
အချက်ပြလိုက်သည်။

ဒီလိုနဲ့ အဲ့လူသုံးယောက်က မုန့်နဲ့စားစရာတွေယူပြီး ထွက်သွားတော့ စုန်ဖေးတို့လည်း စိတ်သက်သာရာရသွားခဲ့သည်။
သို့ပေမယ့်ချက်ချင်းဆိုသလို သုံးယောက်သား အဆောင်ကို ခြေဖနောင့်နဲ့ တင်ပါး
ထိအောင် ပြန်ပြေးလာခဲ့ကြသည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now