Chapter (15)

5.2K 429 3
                                    

Unicode

"ဟျောင့်..."

စာသင်ခန်းထဲအစောကြီး ရောက်နေတဲ့
ရိပေါ် ကိုမြင်တော့ စုန်ဖေးတို့လည်း
အနားသို့ ဝင်ထိုင်လိုက်ကြသည်။
ရိပေါ် ကတော့ သူတို့ကို တစ်ချက်မှ
မကြည့်ပဲ စာကိုသာ သည်းသည်းမည်းမည်း ဖတ်နေသည်။

ဝမ့်အန်က စုန်ဖေးနဲ့ချုံလုကို တိုးတိုးတိတ်တိတ် ခေါ် ပြီး
သုံးယောက်သားခေါင်းချင်းဆိုင်ကာ
တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်လိုက်ကြသည်။

"ကြည့်ရတာ ညတုန်းက သူတို့နှစ်ယောက်
ငြိမ်းချမ်းရေးမယူကြဘူးထင်တယ်"

ဝမ့်အန်ကတွေးတွေးဆဆလေးဆိုတော့
ချုံလုနဲ့စုန်ဖေး မျက်နှာစူပုတ်သွားသည်။

"ဒါဆို ရိပေါ် က ငါတို့သုံးယောက်ကို
စိတ်ဆိုးလို့ စကားမပြောတာလား"

"ငါတို့မှားသွားပြီးထင်တယ် တကယ်တော့
ငါတို့အဲ့လိုမလုပ်ခဲ့သင့်ဘူး"

"ငါအရင်စမှားတာ"

"ငါလည်း မှားတာပဲ"

ကိုယ့်ကိုယ်ကိုအပြစ်တင်နေကြတဲ့
သကောင့်သားသုံးယောက်ကို
ရိပေါ် မသိချင်ယောင်ဆောင်ပြီး
ခပ်တည်တည်ပဲ နေလိုက်သည်။

....

"ရှောင်းကျန့်"

သူ့လက်ကို ဆွဲယူလိုက်တဲ့ လုရင်းဒါကို
ရှောင်းကျန့်ကြည့်လိုက်သည်။သူတို့မျက်နှာချင်းဆိုင်မှာတော့ စာအုပ်တွေ
ပိုက်ကာ ရပ်ကြည့်နေတဲ့ ရိပေါ် လည်း
ရှိသည်။

"ကဲ..ဒေါက်တာလောင်းက ဘယ်သွားမလို့လဲ ရင်းဒါတို့ စာလုပ်ဖို့အချိန်ကျပြီးလေ"

ရိပေါ် ကိုမြင်လို့ ဝမ်းသာတုန်းရှိသေး
ရုတ်တရက် သူ့လက်ကို လုရင်းဒါ
ဆွဲလိုက်တော့ ရှောင်းကျန့်မျက်နှာ
ချက်ချင်း တည်သွားသည်။

"လာမြန်မြန်"

သူ့လက်ကို လုရင်းဒါက မရမက အတင်းဆွဲခေါ် သွားတော့ ရှောင်းကျန့်လည်း
ဒရွတ်တိုက်ပါသွားရသည်။

"ဒေါက်...ဒေါက်...."

ထူးထူးဆန်းဆန်း တစ်စုံတစ်ယောက်
တံခါးလာခေါက်တော့ ရိပေါ် လည်း
စိတ်ပျက်လက်ပျက်နဲ့ တံခါး သွားဖွင့်လိုက်သည်။

Daddy  Pa Pa Xiao Wang Wang ✔✔Where stories live. Discover now