Unicode
"သူကဒီမှာမရှိတော့ဘူးဆိုတော့ ဘယ်ကိုသွားတာလဲဟင်"
ရိပေါ် အမေးကြောင့်နပ်စ်မလေးဖန်ဖန်းက ပြုံးရင်း ခဏလေးနောဆိုပြီး တစ်ယောက်
ယောက်ကိုဖုန်းဆက်လိုက်သည်။ပြီးတာနဲ့"ဟုတ်ကဲ့ နယ်ကရွာငယ်လေးတစ်ရွာမှာ
ဆေးခန်းထိုင်နေတဲ့ သူ့သူငယ်ချင်း
ဆရာဝန်က အိမ်ကိုခဏပြန်လာတော့ကားအက်စီးတန်းဖြစ်လို့ သူက အစားထိုးသွားနေပေးတာပါ။အလွန်ဆုံး ၁၀လလောက်ဖြစ်မယ်ထင်တယ်""ဒါနဲ့ ဒေါက်တာက ဝမ်ဝမ်လေးအတွက်
ယုန်အရုပ်ကလေးတစ်ရုပ်ပေးထားတယ်"ထိုစဥ် အနားသို့ ယုန်ကလေးကိုင်ကာ
နပ်စ်မတစ်ယောက် ရောက်လာပြီး
ဖန်ဖန်းကို ပေးလိုက်သည်။ဖန်းဖန်းလည်း
ရိပေါ် ကိုတစ်ဆင့်ပြန်ပေးလိုက်သည်။"ကျေးဇူးတင်ပါတယ် ကျွန်တော့်ကို
ခွင့်ပြုပါအုံး"နပ်စ်မလေးဖန်ဖန်းကိုနှုတ်ဆက်ပြီး ရိပေါ် လည်းသမီးလေးရဲ့အခန်းကို ပြန်လာခဲ့သည်။
"ပါးပါး Daddy ဘာလို့မလာတာလဲဟင်
တစ်ပတ်ကျော်နေပြီး နေမကောင်းလို့များလား"အခန်းထဲဝင်ဝင်ချင်း သမီးလေးရဲ့အမေး
ကြောင့် ရိပေါ် အနည်းငယ် စိတ်မကောင်း
ဖြစ်သွားသည်။ချက်ချင်းဆိုသလိုပဲ
ရိပေါ် အပြုံးပန်းတစ်ပွင့် ဖန်ဆင်းရင်း
သမီးလေးနားလျှောက်လာကာ ခေါင်းလေးကို အသာပုတ်ရင်း ယုန်ရုပ်ကလေး
ပေးလိုက်သည်။"သူအလုပ်ရှုပ်နေလို့သမီးရဲ့ ဒီယုန်အရုပ်ကလေး သူပို့ပေးတာ"
"တကယ်"
ယုန်အရုပ်ကလေးကို သဘောကျကာ
ကြည့်ရင်းရင်ခွင်ထဲပိုက်ပြီး ဝမ်ဝမ် နမ်းရှုပ်လိုက်သည်။"ပါးပါး Daddyအလုပ်များနေတယ်ဆိုရင်တောင် သမီးခွဲစိပ်တဲ့နေ့ကျရင် သူ့ကို လာခိုင်းပါလားဟင်"
"ပါးပါးရအောင်ပြောပေးပါ့မယ် အခု
သမီး ခဏနားလိုက်အုံးနော""ဟုတ်"
အရုပ်ကိုဘေးမှာထားအိပ်ရင်း ဝမ်ဝမ်
အိပ်ပျော်အောင် ကြိုးစားလိုက်သည်။
သမီးလေးကိုကြည်ံ့ပြီး ရိပေါ် လည်း
သနားမိသည်။လူကြီးတွေကြောင့်
သမီးလေးကို စိတ်ဒဏ်ရာတော့ သူ
မရစေချင်ပါ။
YOU ARE READING
Daddy Pa Pa Xiao Wang Wang ✔✔
FanfictionSeme-Xiao Zhan Uke-Wang Yi Bo Season 1(Completed) Season 2(Completed) Zhanyi Fanfiction Credit to the photo. ဒီficမှာ စာရေးသူရဲ့အားနည်းချက်တွေများစွာရှိပါတယ်။ အချိန်ရှိရင် ပြန်ပြင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇ...