အပိုင်း ၇

930 111 3
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

        " သား !! Hyuckie !! "

         အမေအိပ်ပြီ အထင်နှင့် အပေါ်ထပ်ကို ဖွဖွတက်လာသည့် ခြေလှမ်းတွေက ခေါ်သံကြောင့် အချည်းနှီး ဖြစ်သွားရသည် ။

        " ဗျာ Omma !! "

       " ကျူရှင်က ဒီလောက်ထိ နောက်ကျတာ Omma သဘောမကျပါဘူး !! အချိန်ရွှေ့လို့ မရဘူးလား "

       " မရဘူး Omma ရဲ့ ၊ သားကလည်း အဲ့ဆရာဆီမှာပဲ သင်ချင်တာ မို့လို့ !! "

      " အေးပါ အေးပါ သားက စာသင်ချင်စိတ် ဖြစ်နေတာပဲ  စိတ်ချမ်းသာပါပြီ ဂရုတော့စိုက်နော် ၊ ရန်လည်း မဖြစ်နဲ့ ၊ Omma မှာ ဒီသားလေး တစ် ယောက်တည်း ရှိတာ အထိခိုက် မခံနိုင်ဘူး !! "

       " ဟုတ်ကဲ့ပါဗျ !! "

       အမေ့ရင်ခွင်ထဲ တိုးဝင်ကပ်ချွဲလိုက်တိုင်း အူဝဲလေး ပြန်ဖြစ်သွားသလို ခံစားချက်က ကြည်နူးရသည်။

                          ...........................   

          " မြေး Markeu လေး ဟိုတစ်ခေါက်ကကျ ချစ်သူ မရှိသေးပါဘူးဆိုပြီး အခု ဖွားဖွား သတင်းတွေ ကြားနေရတယ်နော် "

          ရုတ်တရက် ပြေးသတိရလိုက်သည်က အိမ်ထဲဝင်ခါစ သူ့မာမီပြောသည့် " မနေ့က NoNo နဲ့ NaNa လာသွားတယ် " ဆိုတာပင် ။ ကလေး နှစ်ကောင်အား သူတို့အဖေတွေဆီမှာ Mark ညှောင့်ခဲ့သမျှ အခု သူ ပြန်ညှောင့်ခံလိုက်ရပြီ ။

         " ဟုတ်တယ် ..သား !! မာမီတို့က သားစိတ်ကြိုက် ရွေးချယ်ထားတယ်ဆို လက်ခံပေးမှာပဲဟာ ၊ အိမ်ခေါ်ခဲ့ပါလား တွေ့ရအောင် !! "

        " မာမီ !!! အရမ်းမလောပါနဲ့အုံး ကလေးက အသက်တောင် မပြည့်သေးဘူး !! "

       " အမလေး ဘုရား !! ကလေး တဲ့လား ၊ Markeu ဥပဒေနဲ့ မလွတ်တာမျိုးတော့ မဖြစ်စေနဲ့နော် !! မာမီတို့ လည်း ဘာမှ တက်နိုင်မှာ မဟုတ်ဘူး !! "

       မထူးဇာတ်ခင်းကာ ရောချမှ သူ့မာမီ ဘုရားတလိုက်ရသည့် အဖြစ် ။

        " သားရွေးချယ်တဲ့သူဆို မာမီတို့က လက်ခံပေးမယ်ဆိုတာ တကယ်နော် !! "

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now