အပိုင်း ၁၇

985 100 6
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

        " Mark ..!! ပြန်လိုက်ပါတော့ Hyuckie လေးက မင်းကို ထွက်တွေ့မှာ မဟုတ်ဘူး ..!! "

       ချစ်သူသက်တမ်း ၃ နာရီနဲ့ သူ့ကို လမ်းခွဲသွားတဲ့ အာလူးလုံး ကောက်တေးလေးက JungWoo ဆီကို ရောက်နေတယ်တဲ့ ။ အဲ့တာနဲ့ သူ ချော့မလို့ သွားတာ အဲ့ကလေးက လုံးဝ မတွေ့မခံပဲ နေနေသည် ။

      " အာ့ဆို ဖုန်းကိုင်လို့ ပြောပေးပါ .!! ကျွန်တော် ရှင်းပြပါရစေ လို့ ..!? "

       ** Hyuckie ရေ ...!!! ဖုန်းကိုင်ပါတဲ့ ..!! သူ ရှင်းပြချင်လို့တဲ့ ..!? **

       Lucas ရဲ့ ဘဲဘဲလေး JungWoo က အပေါ်ထပ်မှာ ရှိနေသည့် Hyuckie လေး ကြားအောင် အသံမြှင့် အော်ပြောလိုက်သည် ။

      " မကိုင်ဘူးလို့ ..!! ဘာမှလာမရှင်းပြနဲ့လို့ ပြန်ပြောလိုက် !! "

      ** မကိုင်ဘူးတဲ့ ၊ လာမရှင်းပြနဲ့တဲ့ ..!! **

     ကိုရီးယားစကားကို ကြားထဲကနေ ကိုရီးယားစကားပြန် လုပ်နေရသည့် JungWoo အဖြစ်က တကယ် မလွယ် ။

       " အဲ့လိုမလုပ်ပါနဲ့ ..!! သူဖြစ်ချင်တာမှန်သမျှ လိုက်လျောပေးပါ့မယ် စိတ်လေးတစ်ထစ်လောက်လျှော့ပြီး ထွက်လာတွေ့ပါလို့ ..ပြောပေးပါအုံး ..!! "

      ** Hyuckie .....!!! အဲ့လိုမလုပ်ပါနဲ့ ...ပြီးတော့ ...ဘာ ဘာဆိုလား ..!? ကဲ ...ငါစိတ်ညစ်လာပြီ သွား အပေါ်ထပ်သာ တက်သွားပြီး မင်းကိုယ်တိုင်ပဲ သွားချော့တော့ ..!! **

       JungWoo ခွင့်ပြုလိုက်သည်နှင့် မတုံ့မဆိုင်း အပေါ်ထပ် တက်သည့် လှေကားတွေပေါ် နင်းလိုက်သည် ။

       " ဘာလာလုပ်တာလဲ ..!? ဦးလေးကြီးနဲ့ မတွေ့ပါဘူးဆို ..!! "
 
      တကယ်တော့ Hyuckie လေးကို အခန်းထဲထိဝင်ပြီး ခက်ခက်ခဲခဲ မရှာလိုက်ရပါဘူး ။ အဲ့ကလေးက လှေကားထိပ်မှာ သူ့ကို ချောင်းနေတာမို့ပင် ။

        " ဘာလဲ ..!? အာလူးလေး မရှိရင် မနေတက်ဘူး ပြောလိုက်လို့ ဦးကို အဲ့အချက်နဲ့ အနိုင်ယူချင်နေတာလား "

       " ပလီပလာတွေ လာပြောမနေနဲ့ ..!! လူလိမ်ကြီး မျက်နှာများတဲ့ စားဘဲကြီး .!! ပြောတော့ အထင်လွဲသွားတာ ဆိုပြီး အခု သတင်းတွေကတောင် ဖော်ပြနေပြီ "

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now