အပိုင်း ၁၉

871 97 9
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

" Morning ...!!! "

ညက သောက်ခဲ့သည့် အရက်အရှိန်ကြောင့် မနက်အိပ်ယာကနိုးချိန် မျက်လုံးတို့ ကျိန်းစက်ဝေဝါးနေသည် ။ အသံလာရာ လှမ်းကြည့်တော့ Pajama ပွပွဝတ်ထားတဲ့ ဝက်ဝံလေးတစ်ကောင် ကို တွေ့၏ ။

" အင်းးး ..!! အာလူးလေးလား ..!? "

ပြန်မဖြေပဲ သူရှိရာ မွေ့ယာပေါ်သို့ ခုန်တက်လာပြီး သူ့ကိုယ်ပေါ် တက်ဖိလာ၏ ။

** မွ ..!! **

Lee Mark ပါးတစ်ဖက်ကို သူ့ကလေး နမ်းလိုက်ခြင်း ဖြစ်သည် ။

" အိမ်မက်လို့ ထင်နေတာ ..!? ဦးဆီ ဘယ်လိုရောက်နေတာလဲ ကလေးက ..!? "

သူ့ကိုယ်ပေါ် တက်အိပ်နေသည့် ကလေးရဲ့ ခါးလေးဆီ ပြန်ပွေ့ဖက်ထားကာ ခေါင်းလုံးလုံးက ဆံပင်‌အိအိလေးတွေကို လိုက်မွှေးနေသည် ။

" ကျွန်တော်က ဦးရဲ့နတ်သားလေးလေ ..!? ညက ဦး တ လိုက်လို့ ချက်ချင်း ရောက်လာခဲ့တာ !! "

" ဪ ..!! ညက ..ကိုယ်လေ ...."

Lee Mark စကား‌တွေ ဆုံးခန်းမတိုင်လိုက် ။ ကလေးက သူ့နှုတ်ခမ်းတွေပေါ် ဖွဖွကလေး ဖိနမ်းလိုက်တာကြောင့်ပင် ။

" ဦးက ချစ်စရာကြီး ...!! "

" အင်း ..!! အခုမှ သိတာလား .!? "

" စိတ်မဆိုးဘူးမလား ..!? "

" ဘာကိုလဲ နမ်းတာကိုလား မဆိုးပါဘူး ..!? ဦးရဲ့နှုတ်ခမ်းတွေက မင်းအပိုင်ပဲဟာ ..!! "

" အာ့ဆို ဦးရဲ့‌ခေါင်းက ဆံဖျာလေးကနေစလို့ ဟိုးးး ခြေထောက်က ခြေသည်းလေးတွေထိရော ကျွန်တော် ပိုင်တာပဲလား .!? "

" အင်းး ..!! "

" ဟီးး ဟီးးး ..!! "

အောက်နှုတ်ခမ်းလေး အသာကိုက်လို့ ပြုံးစိစိ လုပ်နေသည့် ထိုကလေးကြောင့် အီမာ့ခ်လည်း ဘာရယ်မသိ အသည်းယားသွားမိသည် ။

" ဘယ်နှနာရီလောက် ရှိပြီလဲ ..!? "

" ၆ နာရီ ခွဲ ...!! "

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now