အပိုင်း ၈

918 119 11
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

        " ထူးထူးဆန်းဆန်းပါလား ၊ ဟိုတစ်ခါ ငါ မိတ်ဆက်ပေးမယ် ဆိုတုန်းက မင်းပဲ ငြင်းပြီးတော့ အခု အဲ့ကောင်မလေးနဲ့ date ချင်လို့ ဟုတ်လား Hyuck "

       " အေးး !! ကူညီပါကွာ ..!! "

       " မင်းနော် လုပ်ချင်ပြီဆို ဇွတ် !! ခဏနေပါအုံး မင်း သူ့ကို တကယ်ရော စိတ်ဝင်စားလို့လား ..!? "

      " ဒီတိုင်း စမ်း date ကြည့်ချင်လို့ကွာ ..နော် ..ပြောပေး !! "

       " အေး ..အေး.. ခဏစောင့် အဲ့ကလေးမ Ph no ပြန်ရှာလိုက်အုံးမယ် !! "

       မနေ့က Mark အိမ်က ပြန်လာတော့ Hyuckie လေး တစ်ညလုံး အိပ်လို့မပျော်ခဲ့ ။ သူ့ခေါင်းထဲ ပြန်ပြန်‌ ပေါ် လာသည့် ပါးနုနုလေးတစ်ဖက် အကြောင်း ကို သူ့အတွေးတွေထဲက နှင်ထုတ်လို့ မရခဲ့ခြင်းကြောင့်ပင် ။

      အမှန်တိုင်း ဝန်ခံရကြေး‌ဆို သူ Mark ကို ရင်ခုန်မိတယ် ဆိုတာ မငြင်းနိုင်ပါ ။ သို့သော် ဒါက သူ ပထမဆုံး ရင်ခုန်တက်တဲ့အရွယ်မို့ စိတ်ကစားတာလား တကယ် ချစ်မိတာလား မခွဲခြားနိုင် ။ Mark က ရည်းစားထည်လဲတွဲပြီး အချစ်ကြမ်းကျေနေသူ ၊ သူက အခုမှ မနူးမနပ် အရွယ်လေး ၊ အထိတွေ့တစ်ခုကို မက်မောပြီး ဇွတ်တိုးဝင်ရင် သူကသာ နာကျင်ရမည့် သူ ဖြစ်ကြောင်း သူ သိနေသည် ။ ထို့ကြောင့် သူ့စိတ်ကို ခွဲခြားနိုင်ဖို့ RenJun တစ်ခါ မိတ်ဆက်ပေးသည့် ကလေးမလေးနဲ့ date ဖို့ ဆုံးဖြတ်လိုက်ခြင်းသာ ။

                        ...........................

        " လူတစ်ယောက်ကို ချစ်မိ‌ပြီဆိုတာ ဘယ်လိုစမ်းသပ်ရင် သိနိုင်လဲ Lucas ..!? "

      အတွေးတွေကို စိုးမိုးထားသော နှာခေါင်းလုံးလုံးလေးအား ထာဝရ သူ့ပါးပေါ် တင်ထားချင်နေမိသည် ။ ထို့ပြင်ထိတယ်ဆိုရုံမျှ သူ့ပါးပြင်ကို မွှေးရှိုက်လာသည့် အနမ်းဖွဖွလေးရယ်က သံချေးတက်နေတဲ့ သူ့နှလုံးသားတံခါးကို သော့မလိုပဲ ပွင့်စေခဲ့ပြီ ။

        " ဟမ် ...!? မင်းလို အချစ်ကြမ်းကျေနေသူက ငါ့လာပြန်မေးနေတယ် "

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now