အပိုင်း ၁၆

976 98 12
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]
 
          " အာ့ဆို သဘက်ခါကျရင် ကြော်ညာကိစ္စလေး စလုပ်ကြတာပေါ့ လက်ခံပေးလို့ ဝမ်းသာပါတယ် "

         " ရပါတယ်  ...Haeun နေမကောင်းဖြစ်နေတာမို့ ကောင်းကောင်းတောင် မဆွေးနွေးနိုင်ဘူး အားနာလိုက်တာ ...!! "

         " မဟုတ်တာ ကိစ္စမရှိပါဘူး.!! "

         ကောင်းကောင်းမဆွေးနွေးနိုင်ဘူးသာ ဆိုတယ် သူ Haeun နဲ့ စကားပြောနေတာ အတော် ကြာနေပြီ ဖြစ်သည် ။ Hyuckie လေးကို စိတ်ပူလို့ မြန်မြန် စကားစဖြတ်ပေမယ့် သူ့ဘက်က လုပ်ငန်းကိစ္စကလည်း ရှိနေပြန်တော့ ...။

       " အာ ..မန်နေဂျာက ခဏဆိုပြီး ထွက်သွားလိုက်တာ အခုထိ ပြန်မရောက်သေးဘူး.. ဒုက္ခပဲ !! Haeun က အိမ်ပြန်ချင်နေပြီ "

       Haeun က တော်တော် နေရထိုင်ရအဆင်မပြေတဲ့ ပုံကြောင့် Junsuk က Lee Mark အား လိုက်ပို့ပေးဖို့ရန် မျက်စ ပစ်ပြလေသည် ။

Junsuk -  " လိုက်ပို့ပေးလိုက်ပါလား Mark ..!! "

Haeun - " မဟုတ်တာ အားနာစရာကြီး !! Haeun မန်နေဂျာ မမကိုပဲ စောင့်လိုက်ပါ့မယ် "

Mark - " ရပါတယ် Haeun ..!? ကိုယ်လိုက်ပို့ပါ့မယ် ..!! "

Haeun - " ဟုတ် ..ကျေးဇူးပါ ..!! "

        နှစ်ယောက်သား ကားပါကင်ဆီကို ထွက်လာခဲ့ကြ၏ ။ နေမကောင်းဖြစ်နေပါတယ်ဆို Haeun ဝတ်ထားရသည့် dress က လက်နေရာက ဇာအပါးလေးတွေ ဖြစ်နေတာကြောင့် Lee Mark သူ့ကုတ်အင်္ကျီအား ချွတ်ကာ ခြုံပေးလိုက်သည် ။ ထို့အပြင် ကားပါကင်လမ်းတစ်လျှောက် ဒေါက်အမြင့်ကြီး စီးထားရသည့် သူမကို ဂရုတစိုက် တွဲခေါ်လာပေးခဲ့ရ၏ ။

        " ခဏ ..!! အု ..Haeun အန်ချင်လို့ ..!! "

        Lee Mark တစ်ယောက် စိတ်ရှည်ရှည်နဲ့ သူမ အန်လို့ပြီးသည့်အချိန်ထိ စောင့်ပေးရှာပါသည်။ 

       " လမ်းလျှောက်လို့ အဆင်ပြေရဲ့လား .!? "

       " ရတယ် .အစ်ကို .!! "

       Lee Mark ..Haeun ကို သူ့ကားနားလေးထိ တွဲခေါ်လာကာ ကားတံခါးဖွင့်ဖို့ရန် ကားသော့ထည့်ထားနေကျအိတ်ကပ်ထဲ နှိုက်လိုက်သည် ။

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now