အပိုင်း ၂၅ [ ဇာတ်သိမ်းပိုင်း ]

1.3K 114 5
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

     " အဝတ်အစားထုပ် .!? ကိုယ့်အဝတ်တွေ ယူဝတ်လည်း ရရဲ့သားနဲ့ ဘာလို့ယူလာတာလဲ .!? "

    " ဦးလေးကြီး အဝတ်စားတွေက ကျွန်တော်နဲ့ မတော်တော့ဘူး ထင်လို့လေ ၊ ကျွန်တော်က ဦးလေးကြီးထက် ပိုထွားတာကို ..!! "

     Hyuckie စကားကြောင့် အဝတ်စားတွေ ဗီရိုထဲ ထည့်ပေးနေရင်း ကိုယ်လုံးပေါ် မှန်ကြီးကို တစ်ချက်လှမ်းရှိုးလိုက်သည် ။ ကလေးကို ကြည့်လိုက် မှန်ထဲက သူ့ကိုယ်သူကြည့်လိုက်နဲ့ ..သူ တကယ်ပဲ ကလေးထက်တောင် သေးနေပြီလားဟု ဆန်းစစ်နေ၏ ။

    " ဘာလဲ ..ဘာလဲ .!? "

    " ကိုယ့်ထက် ပိုမထွားလာလို့ မရဘူးလား .!? ဒီအဆင့်မှာပဲ ရပ်နေလေ .!! "

    " သားက အခုမှ ၁၇ နှစ်ပဲ ရှိသေးတာ ဦးဦးရဲ့ ၊ ထွားစရာကျန်သေးတယ် ရပ်လို့ မရဘူးလေ ၊ တစ်ချို့ တစ်ချို့ကတော့ ၃၁ နှစ်တောင်ဆိုတော့ .."

    Hyuckie က အဝတ်စားထည့်နေသည့် Lee Mark ပခုံးကို သွားဖက်ပြီး သူ့ကိုယ်သူ အဲ့လူကြီးထက် ထွားပါတယ်ပေါ့ ..။

    " နောက်နှစ်လောက်ဆို ကျွန်တော် ဦးကို ဘေဘီလေးလို့ ပြန်ခေါ်လို့ ရလောက်ပြီ .!! "

    Lee Mark နားတစ်ဖက်စီ ကြက်သီးထလောက်အောင် တိုးတိုးလေး ကပ်ပြောလေသည် ။ Lee Mark ခဗျာလည်း နှစ်လတောင် ခွဲထားရသည့် အထိတွေ့လေးတွေမို့ ထူးထူးဆန်းဆန်း ငယ်မူတွေပြန်ပြီး ရင်ခုန်သွား၏ ။

    " ကြည့် ..ပါးတွေနီပြီး ရှက်နေတာပဲ .!! "

    Hyuckie ပြောမှ သူ့ပါးသူပွတ်ပြီး သိမ်းလက်စ အဝတ်တွေ ‌မြန်မြန်ကောက်ထည့်နေလေသည်။

    " ဘာတွေလာပြောနေတာလဲ ဒီကလေး ..?? "

    " ကျွန်တော် ဘေဘီလေးလို့ ခေါ်မှာကို ရင်ခုန်နေတာလား .!? "

     " စကားမများနဲ့ ၊ နွားနို့တွေ အေးကုန်တော့မယ် သွားသောက်တော့ ..!! "

    Lee Mark သူ့ကို အသည်းယားရင် ပြုမှုနေကျအတိုင်း ထိုလူကြီးခေါင်းကို အသာဆွဲလှုပ်ကာ နားရွက်ဖျားလေးတွေကို နမ်းပြီး လှည့်ထွက်သွား၏ ။ ရင်တွေခုန်ရင်း ကျန်ခဲ့ရသူကတော့ Lee Mark ပဲပေါ့ ။

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now