အပိုင်း ၁၂

937 106 4
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

Jaemin -  " အန်ကယ်လေး !! အခုတစ်လော အရမ်းတွေ ပျော်နေသလိုပဲနော် !! "

        ကျောင်းပိတ်ရက် တူလေးနှစ်ယောက်က မုန့်လိုက်ကျွေးပါဆိုတာနဲ့ အလုပ်တွေပစ်ခဲ့ပြီး ကလေးနှစ်ယောက်ကို အချိန်ပေးနေရသည် ။

Jeno -  " ဟုတ်ပါ့ အန်ကယ်လေးက မသိရင် ကျွန်တော်တို့နဲ့ ရွယ်တူလား..ထင်ရတယ် လန်းနေတာ !! "

Mark -  " စိတ်ပျော် ကိုယ်နုတဲ့ Jeno လေးရ !! ငါ့ကို ပျော်အောင် လုပ်ပေးနေတာလေး ရှိလို့ လန်းနေရတာ !! "

       ဪ ..ဒီအီမာ့ခ်တစ်ယောက်လည်း မြှောက်လို့မြှောက်မှန်းမသိ အကြွားလေးက တစ်ဖြတ် ။

Jeno -  " အဲ့တာ Donghyuck ကို ပြောတာမလား !? ဒီလောက် နုအောင် လုပ်ပေး‌နေတာကို အန်ကယ်လေးက ဘာတွေအချိန်ဆွဲနေသေးတာလဲ အမြန် ဆွဲစိလိုက်တော့လေဗျာ !! "

Jaemin - " ဟုတ်တယ် ၊ အချိန်ပိုင်း ချစ်သူတွေ ဟန်ဆောင်ချစ်သူတွေ လုပ်မနေနဲ့ စိလိုက်တော့ !! "

        Na Jaemin အ‌ရောက်ပို့ ခန်း ..။

      " ဒီတိုင်း ငါ့ကို ပျော်ရွှင်စေတာမျိုးပဲ လိုချင်တာ ၊ အဲ့ထက် မပိုချင်ဘူး !! "

      " သူ့ကို သဘောမကျဘူးလား အန်ကယ်လေးက !! "

      " ငါ့တူအရွယ်လောက်လေး !! အသက်ကလည်း တော်တော်ကွာနေတာ မဖြစ်နိုင်ပါဘူး !! "

       Mark ထိုကလေးကို လိုက်ဖို့ ချိန်ဆနေတာ အသက်ကြောင့်လည်း ပါသည် ။ သူက ဘာမှမဖြစ်ပေမယ့် ထိုကလေး သဘောထားကိုတော့ သူ မသိနိုင်ဘူးလေ ။ ပြီးတော့ အဲ့ကလေးလေးက ကောင်မလေးတစ်ယောက်နဲ့တောင် date ဖို့ လုပ်ဖူးသည် မဟုတ်လား ။ သူ့ကို စိတ်မဝင်စားရင် ...ဆိုပြီး တွေဝေမှုပေါင်းများစွာဖြင့် ။

Jaemin - " ဘယ်လောက်ကွာလို့လဲ ၁၄ နှစ်တည်းဟာ ၊ ဒီထက် တွေဝေနေရင် အန်ကယ်လေးက ၃၁ နှစ်ဖြစ်သွားတာပဲ ရှိမယ် ..!! ပြီးတော့ သူလည်း အန်ကယ်လေးမဟုတ်တဲ့ အခြားသူ တွေ့သွားမှာ ..!! "

        အရင်က *၁၄ နှစ်တောင် ကွာတာ Ro မဆန်ပါဘူး* လို့ Na Jaemin လုံးဝ မပြောမိပါကြောင်း ..။

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now