အပိုင်း ၁၁

897 111 1
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

        " ကိုကို လို့ ခေါ်ရမယ်နော် ၊ လုံးဝမမှားစေနဲ့ !! "

       ထိုကလေးကိုယ်ပေါ်က အနောက်တိုင်းဝတ်စုံလေးကို သပ်ရပ်ကျနအောင် ပြင်ပေးရင်း အီမာ့ခ်တစ်ယောက် ဘာတွေ ပီတိဖြာနေလည်းမသိ ပြုံးစိစိနှင့် ။ ဖွားဖွားနဲ့ သွားတွေ့မှာမို့ Donghyuck လေးကို ပြင်ပေးဆင်ပေးရင် လိမ်ရမှာတွေပါ သင်ပေးနေသည်။ 

        " သိပါတယ် ၊ ဦးလေးကြီးလည်း အန်တီ‌တို့ရှေ့ရောက်ရင် သိပ်အသားမယူနဲ့ ၊ ကျွန်တော်က အခုမှ နုနုထွဋ်ထွဋ်လေးပဲ ရှိသေးတာ "

       " ပီပြင်အောင် သရုပ်ဆောင်ရတာလေ အာလူးလေးရဲ့ !! "

       " အဲ့နာမည် မခေါ်ပါနဲ့ဆို !! "

       " မင်းကို အာလူးလေးလို့ ခေါ်ရတာပဲ သဘောကျတယ် "

       " ပညတ်သွားရာ ဓါတ်သတ်ပါဗျ ၊ အာလူးလေးဆိုပြီး တကယ် အစားခံရရင် ခွင့်မလွှတ်ဘူးနော် "

       " ခွေးပေါက်လေးလို့ ခေါ်ရင်ရော ကိုယ့်ရဲ့ ခွေးပေါက်လေး တကယ် ဖြစ်လာမှာလား ၊ အာ့ဆို ခွေးပေါက်လေး !! ခွေးပေါက်လေးရေ !! "

        ** Grrrr Grrrr **

       သွားလေးတွေစိကာ မရှိသည့် အစွယ်လေးတွေ ထုတ်ပြပြီး ခွေးပေါက်လေးလို မာန်ဖီပြလေသည် ။
  
        " ချစ်ဖို့ကောင်းတယ် !! တကယ်ခွေးပေါက်လေးလိုပဲ "

        ဆီမလိမ်းပေးရသေးသည့် ဆံပင်နုနုလေးတွေကို ဆွဲဖွပြီး ခေါင်းလေးကို အသည်းယားစွာ ဆွဲလှုပ်လိုက်လေသည် ။

       " တော်တော့နော် ၊ သူများကို ခွေးလို့ ပြောချင်နေတာ သိတယ် ..!! "

       " စွာလိုက်တာကွာ !! ထိုင် ..ဆံပင်ပုံသွင်းပေးမယ် !!"

       " ဦးလို ဆံပင်ထောင်မယ် !! "

       " မထောင်ရဘူး !! "

       " မထောင်ပေးရင် ကျွန်တော့်ဆံပင်ကို မထိနဲ့ !! "

       " ထိတယ်ကွာ ၊ ထိတယ်ကွာ !! "

       " ဦးလေးကြီးးး !!! "

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now