အပိုင်း ၂၃

823 97 18
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

      " ကလေးကို မတွေ့ဘူးဆိုတာ ဘာသဘောလဲ .!? ကျောင်းရှေ့မှာပဲ စောင့်နေလို့ သေချာမှာထားတာ ၊ ကျောင်းရှေ့မှာပဲ ရှိရမှာပေါ့ ..!! "

      Lee Mark စိတ်တိုစွာ ခုံမှ ထရပ်လိုက်ပြီး ချွတ်ထားသည့် ကုတ်အင်္ကျီအား ခပ်မြန်မြန် ပြန်ဝတ်နေသည် ။

      " တောင်းပန်ပါတယ် ဆရာ ၊ လမ်းမှာ ကားပိတ်သွားတာနဲ့ ...!! "

      " တော်ပြီ အဲ့နားက ကျောင်းစောင့်ဝန်ထမ်းတွေကို နည်းနည်းပါးပါး မေးမြန်းထားလိုက် ၊ ငါ အခု လိုက်လာခဲ့မယ် "

     " ဟုတ် ဆရာ ..!! "

     ကားအမြန်ထုတ်လာခဲ့ပြီး ကျောင်းဆီကို ခပ်မြန်မြန် ထွက်လာလိုက်သည် ။ ထို့အပြင် ကားမောင်းရင်း တစ်ဖက်ကလည်း Hyuckie ဆီကို ဖုန်းဆက်တိုက် ခေါ်နေလိုက်၏ ။ ဖုန်းကလည်း စက်ပိတ်ထားတယ်တဲ့ ။ ကလေးက နေမကောင်းတာရော သွေးရိုးသားရိုး အခြေနေ မဟုတ်တာရော ကြောင့် စိတ်ပူစွာ သူ ပူထူနေလေပြီ ။

      " ဟယ်လို ...!? အန်တီ ...Hyuckie လေးလေ နေမကောင်းလို့ အိမ်ပြန်လာချင်တာ အန်တီ အိမ်မှာရှိလား .!? "

     Hyuckie လေး သူ့ကိုများ မစောင့်နိုင်လို့ ပြန်နှင့်သလား ။ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကများ လိုက်ပို့နှင့်သလား ဟု သိချင်၍ Hyuckie မေမေဆီကို ဖုန်းဆက်ပြီး စကားလွှဲကာ မေးကြည့်လိုက်သည် ။

     " အန်တီ အိမ်မှာ မရှိဘူးလေ သားရဲ့ ..!! ဒါပေမယ့် ကလေးက ပြန်လာချင်တယ်ဆို အန်တီ အခု ဆိုင်ပိတ်ပြီး ပြန်လိုက်မယ်..!! "

     " ဪ ..ရတယ် အန်တီ .!! ကျွန်တော်ပဲ ခေါ်ထားလိုက်မယ်နော် ..!! "

     " ရရဲ့လား မင်းက အားလို့လား ..!? "

     " ရတယ် အန်တီ ..!! အားတယ် ဒါပဲနော် .!! "

     " အေး အေး .!! "
  
     ကျောင်းရှေ့ရောက်တော့ အတွင်းရေးမှူး Han က သူ့ကားဆီ အမြန်ရောက်လာကာ လာကြိုသည် ။

     " မေးပြီးပြီလား ..!? ဘာထူးလဲ ..!? "

     " သူတို့လည်း သတိမထားမိလိုက်ဘူးတဲ့ ၊ ‌CCTV စစ်လို့ရတယ်လို့ ပြောတယ် ဆရာ ၊ အဲ့တာ ဆရာ့ကို စောင့်နေတာ.!! "

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now