အပိုင်း ၅

990 116 5
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

" ထည့်စားလေ ကလေး ၊ ဘာဖြစ်လို့လဲ မကြိုက်ဘူးလား ..!? "

Hyuckie မမှီသည့် ဟင်းပန်းကန်တွေ လှမ်းယူပေးပြီး အတူထိုင်စားနေသည့် တူနှစ်ယောက်ကိုမှ အားမနာ ကဲပြသဲပြနေ၏ ။

" ဟိုဖျော်ရည် သောက်ချင်တယ် !!"

Jeno ဘေးက Cola ဗူးအား ကလေးလို လက်ညိုးထိုးပြပြီး တောင်းနေသည် ။ သူလည်း မကြိုက်ပါပဲ တမင် Mark အားကိုးနဲ့ Jeno ကို အနိုင်ကျင့်ခြင်းပင် ။ Jeno က သူ သီးသန့်သောက်ဖို့ ဝယ်လာသည့် ဖျော်ရည်ဗူးလေးမို့ အမြန်ယူကာ ကျစ်ကျစ်ဆုပ်ထား၏ ။

Jeno - " မပေးဘူးနော် ၊ ကျွန်တော် သောက်ချင်လွန်းလို့ ဝယ်လာရတာ "

Mark - " Cola ဗူးတွေ အိမ်မှာရှိတယ်လေ ကလေးရဲ့ ၊ သွားယူပေးရမလား "

Hyuck - " ဟင့်အင်း ၊ Jeno ဆီကဟာပဲ သောက်မှာ "

Mark က ဆက်မမေးတော့ပဲ Jeno အား ပေးလိုက် ဟု မျက်နှာအမူအရာဖြင့် ပြောလေသည် ။ သူတို့ အန်ကယ်လေးကို ကြောက်ရသည့် Jeno ကလည်း ဘာတစ်ခွန်းမှ ဆက်မဆိုတော့ပဲ Cola ဗူးအား မပေးချင်ပေးချင်ဖြင့် Donghyuck ဘက် တွန်းပို့ပေးလေ၏ ။

Mark - " ကျောင်းမှာ ရန်မဖြစ်ကြနဲ့နော် ကြားလား !! အခုကစပြီး ကလေးကို ငါ့အစား စောင့်ရှောက်ကြ !! "

Donghyuck တစ်ယောက် သူ့ကိုယ်သူ အိမ်တော်က သခင်လေးအထာဖြင့် မျက်နှာကို မော့ချီလို့ ။

Jaemin - " သူ့ကို စောင့်ရှောက်ပေးဖို့ထိ မလိုပါဘူး အန်ကယ်လေးရာ ..!! ကလေး ကလေးနဲ့ ..!! နားကြားမြင်း ကပ်လာပြီ ..!! "

Hyuck - " ဘာဖြစ်လဲ ဘာဖြစ်လဲ !? မင်းတို့တောင် RenJun ကို အလှလေးလို့ ခေါ်သေးတာပဲ ၊ ဦးက ငါ့ကို ကလေးလို့ ခေါ်တာ ဘယ်လောက်တောင် Ro ဆန်သလဲ "

အစွာလေးက သူ့အစား ချက်ချင်းပြန်ရန်တွေ့သည်နှင့် Mark သဘောတကျ ရယ်မိသွားလေသည် ။

Jaemin - " အော့ !! ဦးနဲ့ကလေးက Ro ဆန်တာ !! မင်းတို့အသက် ၁၄ နှစ်တောင် ကွာတာနော် ဘယ်နေရာမှ Ro ဆန်မနေဘူး !! "

Hyuck - " အခု ဦးကို အသက်ကြီးတယ်ဆိုပြီး စော်ကားလိုက်တာပေါ့လေ ၊ နွားပျိုသန်လှ နွားအို ပေါင်ကျိုး သလောက်ပဲ ရှိတာတဲ့ ၊ မင်းတို့ထက် ဦးက အများကြီး သာတယ်..မင်းတို့ထက်လည်း နုတယ် "

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now