Unicode
I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]" မှာထားတာတွေ ရပါပြီ ခင်ဗျ !! "
မုန့်ကောက်စားတာ လူမိသွားကတည်းက ပြန်မတွေ့ချင်လောက်အောင် ရှက်နေပါတယ်ဆို ဆိုင်မှာမှ ထပ်တွေ့ရတယ်လို့ ။ ပြီးတော့ သူ ခဏပဲ ဝင်လုပ်တဲ့ အချိန်ရောက်မှလေ ။
ဦးလေးကြီး နဲ့ ကံမပါချင်ဘူး သိရဲ့လား ။ အဲ့ကံကိုသာ ရောင်းစားလို့ ရရင် ရောင်းစားပစ်ချင်တယ် ပိုက်ဆံလည်းရ ဂိမ်းစက်လည်း ရ ...။သူ့အတွေးနဲ့သူ မှာထားသည့် ဟင်းတွေကို ဗန်းတစ်ခုဖြင့် သယ်လာပြီး စားပွဲပေါ် ချဖို့ လုပ်နေလေသည် ။
ဘာလို့ ကြည့်နေတာလဲ !!? ကိုယ့်ဟာကို နေပါလား ဦးလေးကြီးရယ် ...။
မျက်တောင်တောင် ခတ်ရဲ့လားမသိ သူ့ကိုပဲ စိုက်ကြည့်နေသည့် Mark ကြောင့် နေရခက်လာတာနဲ့ ဗန်းထဲက ဟင်းခွက်တွေကိုသာ စားပွဲပေါ် ဖြစ်သလို အမြန်ချလိုက်သည် ။
အ ..ပူတယ်ဟ ။
အငွေ့တထောင်းထောင်းနှင့် ပူလောင်နေသည့်ဟင်းရည်ခွက်ကို ကိုင်နိုင်ဖို့ ထိုကလေး၏ လက်တွေက နုလွန်းနေ၏ ။ သိပ်ကြာကြာမကိုင်ထားပဲ စားပွဲပေါ်သို့ အမြန်ချလိုက်တော့ အနည်းငယ် ဖိတ်စင်ကျသွားသည် ။
" ဟင်းရည် ဖိတ်ကျသွားတာပဲ...ဒီစာရွက် က အရေးကြီးတာလား !? "
" ဟင် ဘယ်ဟာ !? ...wait ..နေအုံးး မဆွဲပစ်နဲ့ "
*** ဗြိ ***
Mark တားသော်လည်း အချိန်မမှီလိုက်ပါ ။ ဟင်းရည်ဖိတ်ကျပြီး စိုသွားသည့် ပန်းကန်အောက်က စာချုပ်လေးကို လက်သွက်သည့် Donghyuck လေးက ပန်းကန်ကို မဖယ်ပဲ ဆွဲယူလိုက်မှုကြောင့် ဗြိခနဲ ပြဲသွား၏ ။ နှစ်ပိုင်းပြဲသွားတာမျိုး မဟုတ်ပေမယ့် ကံမကောင်းချင်တော့ လက်မှတ်ထိုးထားသည့် နေရာတည့်တည့်ကိုမှ ဟင်းရည်တွေစိုပြီး ပြဲသွားတာမျိုး ဖြစ်နေသည် ။
အမှုမဲ့ အမှုတ်မဲ့ ထားတဲ့ ဦးလေးကြီး နဲ့ နမော်နမဲ့ လုပ်တက်တဲ့ ကောင်လေး တွေ့ကြပြီပေါ့ ။ ရိုးရိုးတွေ့တာ မဟုတ်ဘူးနော် သိန်းထောင်ကျော်တန်တဲ့ အိမ်ခြံမြေကြီး ပလုံပြီး ရှယ်ပလန်နဲ့ တွေ့တာ ။
YOU ARE READING
I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]
Hayran Kurgu💚MarkHyuck [ Unicode + Zawgyi ] ☑ Completed