အပိုင်း ၂၀

833 96 3
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

         ** Lee Donghyuck **

        ခေါ်လိုက်သည့် အသံပိုင်ရှင်ကို မြင်မြင်ချင်း သူ့ပခုံးတွေပေါ်က Lee Mark လက်ကို အလျှင်အမြန် ဖယ်ချလိုက်သည် ။ သူ့ အမေကို ကျူရှင်လို့ ပြောပြီး အမြဲ အိမ်ကနေ လိမ်ထွက်နေတာလေ ။ အခုတော့ ကျူရှင်မဟုတ်ပဲ လူကြီးနဲ့ကြူးနေတာကို ပက်ပင်းမိသွားပြီ မဟုတ်လား ။

       " ပြောတော့ ကျူရှင်ဆို ..!! "

       " မေမေ သားရှင်းပြ .....!! "

       သူ့အမေက သူတို့နား ရောက်လာသည်နှင့် ထိုင်နေရာက ထလိုက်သည် ။ Hyuckie ထရပ်တော့ Lee Mark လည်း ဘုမသိ ဘမသိ လိုက်ရပ်၏ ။

       " ဒါက ဘယ်သူလဲ .!? ကျူရှင်မဟုတ်ပဲ ဘာလို့ ဒီမှာ ..!!? "

      " မေမေ အဲ့တာက ..!? ဟို ..ကျူရှင်က ဆရာလေ ..!? "

       Lee Mark က ဘာမှဝင်မပြော ။ Hyuckie မေမေကို အားနာသလို ရယ်ပြ၏ ။ အမှန်ဆို သူ့လို အနေအထားနဲ့ လူကြီးလူကောင်းပီပီသသ *ကျွန်တော်က အန်တီ့သားရဲ့ ချစ်သူပါ* လို့ ‌ဝန်ခံလိုက်ချင်ပါသည် ။ သို့သော် ကလေးက ကျူရှင်ဆရာလို့ အရင် ပိတ်ပြောထား၍ သူ့မှာ အောင့်သက်သက်နဲ့သာ ရယ်ပြနေရသည် ။ 

       " သေချာလား...!? "

       တစ်ဆိုင်လုံးက လူတွေက သူတို့အခြေနေကို လှမ်းကြည့်နေကြ၏ ။

       " သေ ..သေချာ ....!!! "

      ** သား Markeu လေး ..!! မုန့်လာစားတာလား ..!? **

      Hyuckie အတွက် Surprise ပြီးတော့ Lee Mark အတွက် Surprise အကြီးကြီး တစ်ခု ဆိုင်ထဲကို ထပ်ရောက်လာသည် ။ သူ့အလှည့်တော့ အပိုထပ်ဆောင်းအနေနဲ့ ဖွားဖွားပါ ပါလာ၏ ။

        " မာမီတို့ ...ဘယ်လို ...!? "

        " ဟော ...အာလူးလေးလည်း ပါလာတာပဲ ..!! "

      ဖွားဖွားကို တွဲရင်း သူ့မာမီက သူတို့နား ရောက်လာသည် ။ ထို့ကြောင့် Hyuckie နဲ့ Lee Mark တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြဿနာ ဘယ်က စဖြေရှင်းရမည် မသိ ဒုက္ခရောက်လေတော့သည် ။

        Hyuckie မေမေကိုက သူတို့က ချစ်သူတွေပါလို့ ဖွင့်ပြောလို့ မရတဲ့အခြေနေ ။ Lee Mark မာမီကိုကျ သူတို့က ချစ်သူတွေ ဟုတ်ကြောင်းကို သက်သေပြရမယ့် အခြေနေ ။ ထိုအခြေနေနှစ်ရပ်ကို တစ်ပြိုင်တည်း ဖြစ်စေလို့တော့ ဘယ်နည်းနဲ့မှ ရမည် မဟုတ် ။

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now