အပိုင်း ၆

968 104 0
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

          " ရည်းစားဦးး ..!? အာ့နဲ့ပဲ ကျွန်တော့်ကို မိတ်ဆက်ပေးလိုက်တယ်ပေါ့ .."

         " ဘာလဲ ကလေးကျတော့ ပြောချင်တဲ့သူကို ပြောပြီး ကိုယ်ကျတော့ မရဘူးလား "

         " Jeno နဲ့ Jaemin ကို ပြောလိုက်ရတာက သူတို့ ကျွန်တော့်ကို အနိုင့်မကျင့်ရဲအောင်လို့လေ "

        " ကိုယ်လည်း ကိုယ့်ကို အဲ့အစ်မ လာနှောင့်ယှက်နေမှာ စိုးလို့လေ မရဘူးလား "

        " ‌ပြီးတာပဲ ကျေပြီနော် ..!! နောက်ထပ် ဘယ်သူ့ကိုမှ ပေးမသိရဘူး "

         Renjun ကိုတောင် မချော့ရသေးပဲ အခြားသူတွေ ထပ်သိလို့ မဖြစ်ဘူး ။

        " အလုပ်ခိုင်းစရာရှိတယ်ဆို ဘာလို့ဘာမှ မပြောပဲ ထိုင်နေတာလဲ ..!? မဟုတ်မှ ဟို အစ်မကြောင့် အခုလို ငိုင်နေတာလား "

       အမှန်တိုင်း ပြောရရင် ဟုတ်တယ် ။ သူ့ရဲ့ ရည်းစားဦးကြောင့် Lee Mark စိတ်မကြည်မလင် ဖြစ်ပြီး ငိုင်နေတာ ။

      " ဘာခိုင်းမို့ပါလိမ့် မေ့သွားပြီ ..!! "

      " မေ့မှာပေါ့ ဦးလေးကြီးက အသက်ကလည်း ကြီးနေပြီကို ..!! "

      အရင်ဆို သူ့အသက်ထိခိုက်ရင် ဆက်ဆက်ထိမခံတဲ့ ကြွေလူသားကြီးက ဒီနေ့ညမှာတော့ စိတ်မပါတပါသာ ပြုံးပြပြီး ဆိတ်ဆိတ်ငြိမ်လို့ ။

        *** တစ်နှစ်လုံး ဦးလေးကြီးအနားမှာ နေပြီး ဦးလေးကြီးကို ကျွန်တော့်ရဲ့ချစ်စရာကောင်းမှုတွေနဲ့ ပျော်အောင် ထားမယ် ***

       သူများ ရည်းစားကိစ္စမို့ ငြိမ်နေချင်သော်လည်း အခုဟာက သူ့ရဲ့ အလုပ်ချိန် ဖြစ်နေပြန်သည် ။ တစ်နည်းပြောရရင် သူက အခု Lee Mark ရဲ့ ချစ်သူ‌နေရာမှာ မဟုတ်လား ။

         ငါ ပျော်အောင် ထားပါ့မယ် လို့ ပြောထားတာ ဘယ်လိုလုပ်ရမလဲ .. ။ စဉ်းစားစမ်း ...ဦးလေးကြီးရဲ့ ချစ်သူနေရာကနေ စဉ်းစားစမ်း !! ရည်းစားဟောင်းကို တမ်းတနေတာဆိုတော့ အပြစ်ပေးလိုက်ရမလား ၊ မဖြစ်သေးဘူး ငါ့တာဝန်က ပျော်အောင် လုပ်ပေးရမှာ ။ 
  
        " အဟမ်းးး !! ဦးလေးကြီး "

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now