Unicode
I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]" ဟိုနေ့က ကလေးလား !? "
" အဲ့ကလေးက !? "
ပြိုင်တူမေးလိုက်လို့ Mark ဘယ်ဟာ အရင်ဖြေရမယ် မသိ ခေါင်းရှုပ်သွားသည် ။ သူ့လက်ပေါ်က အသေးလေးကတော့ ညစာ စားပြီးလို့ အိမ်ပြန်ရင်း ကားပေါ်မှာ အိပ်ပျော်သွားကတည်းက အခုထိ တုပ်တုပ်မျှ မလှုပ်သေး ။
" ခဏ ..မာမီ !! ကျွန်တော် ကလေးကို သွားသိပ်လိုက်အုံးမယ် !! "
နိုးသွားမှာစိုးလို့ အပေါ်ထပ်က အိပ်ခန်းဆီသာ အမြန် သွားလိုက်ရသည် ။
" Grace !! ငါ မာမီနဲ့ နှစ်ယောက်တည်း ပြောချင်လို့ မင်း အိမ်ပြန်လိုက်တော့ပါလား !! "
" အင်း !! Honey သဘောလေ !! "
Grace က သူတို့ ချစ်သူစဖြစ်ကတည်းက Mark အိမ်ကို လိုက်မယ် တကဲကဲ လုပ်နေတာ ၊ ဒီတစ်ခေါက် သူ ပြန်ရတာက ထပ်လာစရာ မလိုတော့တဲ့ အဓိပ္ပါယ်မှန်းတော့ ကြိုမသိခဲ့ရှာဘူး ။
" Markeu မာမီ့ကို ကောင်မလေး မရှိပါဘူးလို့ ဘယ်အချိန်ထိ လိမ်ဖို့ စဉ်းစားနေတာလဲ !? ပြီးတော့ ဟိုကလေးကရော ဘယ်သူလဲ .? ဟိုကလေးမကရော !? "
" လိမ်ခဲ့မိလို့ ခွင့်လွှတ်ပါ မာမီ !! "
" သား ရည်းစားထားတာကို မာမီက ပိတ်ပင်မယ်လို့ ထင်နေတာလား !? "
" မထင်ပါဘူး ၊ ဒါပေမယ့် မာမီက ကျွန်တော့်ကို အတင်း အိမ်ထောင်ချပေးမှာလေ ၊ သားမှ မယူချင်သေးတာ..!! "
" အဲ့တာဆိုလည်း မပွေပဲ အတည်တကျ ကောင်မလေးတော့ ထားပါလား သားရယ် ..!! အခုလို ပွေရှုပ်တာက လူကြီးလူကောင်း တစ်ယောက် ရဲ့ လုပ်ရပ်မဟုတ်ဘူးနော် ၊ ပြီးတော့ သားကို ပြန်ကြည့် !! မာမီ့သားက အသက် ၃၀ ပြည့်နေပြီ ၊ ခုနက ကလေးမလေး ဆိုရင်လည်း မဆိုးပါဘူး !! "
Markeu ရဲ့ ပါးလေးနှစ်ဖက် အုပ်မိုးကာ ချော့ပြောလာသည် ။
" မာမီ စလာပြီ !! Grace ကို ကျွန်တော် နည်းနည်းလေးတောင် မချစ်ဘူးနော် ၊ ပြီးတော့ သူက ကျွန်တော့်ကို အမိဖမ်းချင်နေသလို ဘယ်လိုကြီးလည်း မသိဘူး သဘောမကျဘူး !! "
YOU ARE READING
I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]
Fanfic💚MarkHyuck [ Unicode + Zawgyi ] ☑ Completed