အပိုင်း ၂၁

967 99 23
                                    

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

        " ပြန်တွေ့ကြတာတောင် ဘာအဆက်သွယ်မှ မလုပ်ဘူးလား ..!? "

        " ဘယ်လိုလုပ်ရမှာလဲ ၊ သူက စေ့စပ်လိုက်ပြီဟာ ..!? ပြီးတော့ ငါ့ကို စိတ်နာသွားလောက်ပြီ ထင်တယ် "

       ကျောင်းပြန်ဖွင့်တော့မှာဆိုတော့ RenJun ကိုရီးယားကို ရောက်နေပြီဖြစ်သည် ။ အရင်လို အဆောင်မှာ နေတာ မဟုတ်တော့ပဲ ကိုယ်ပိုင်တိုက်ခန်းနဲ့ ဖြစ်သွားပြီမို့ RenJun က သူပျင်းတဲ့အခါတိုင်း Hyuckie ကို လှမ်းလှမ်းခေါ်တက်၏ ။

     " အာ့ဆို မင်းဘက်ကရော တကယ် ပြတ်ပြီလား "

     " မသိဘူး ၊ မတွေ့ရတုန်းကတော့ အဆင်ပြေသလိုလိုနဲ့ ပြန်တွေ့တော့ သူ့ပေါ် ခံစားချက်တွေ ရှိနေသေးသလိုပဲ "

     " အမှန်ဆို မင်းနောက်ဆုတ်သွားလို့ ဝေးရတာလေ ၊ ချစ်နေ‌သေးတယ်ဆိုရင်တော့ ဒီတစ်ခေါက် ဆုံးဖြတ်ချက်မမှားစေနဲ့ ပေါ့ ၊ ဖြစ်လာမယ့် ကိစ္စမှန်သမျှကို သတ္တိရှိရှိ ရင်ဆိုင်လိုက် ..!! ငါ ပြောတာ သဘောပေါက်လား .!? မင်းဘက်က ဆက်သွယ်သင့်ရင်လည်း ဆက်သွယ်လိုက် ..!! "

      " ငါ့ကို စိတ်နာနေရင်ကော .....!? ပြန်လက်မခံရင် ငါ ဘယ်လိုလုပ်ရမလဲ ..!? " 

      " အဲ့တာတော့ မင်းတို့အပိုင်းပဲ ငါလည်း မသိဘူး ၊ စားတော့ ထမင်း‌‌တွေ အေးတော့မယ် "

-

      ညနေ နေလည်းစောင်းသွားပြီမို့ အိမ်ပြန်လာဖို့ မေမေ မကောခင် Hyuckie လေး RenJun တိုက်ခန်းက ထွက်လာခဲ့လိုက်သည် ။

       ** အင်း လိုအပ်တာ ရှိရင် ကိုယ့်ဆီ ဖုန်းဆက်လိုက် နော် **

      တိုက်ဆိုင်ချက်က RenJun နဲ့ မျက်နှာချင်းဆိုင် အခန်းမှာလည်း Lee Mark ရောက်နေတာပင် ။ Hyuckie အရွယ်ကောင်လေးတစ်ယောက်နဲ့ အခန်းပေါက်ဝမှာ စကားပြောနေပြီး ပြန်ခါနီး နှုတ်ဆက်နေ၏ ။

      ** ရတယ် ကျွန်တော် ဦးကို အောက်ထိ လိုက်ပို့မယ်လေ **

      အောက်ကိုဆင်းတဲ့အချိန် တူနေမှာ စိုးတာနဲ့ Hyuckie ယောင်လည်လည် လုပ်ကာ RenJun အခန်းထဲကို အမြန်ပြန်ဝင်လေသည် ။ ထိုအပြုအမူကို Lee Mark သတိထားမိလိုက်၏ ။

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now