အပိုင်း ၁၈

924 101 7
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

        " ကျူရှင်မသွားတော့ဘူး ကျောင်းဆင်းရင် တန်းလာခေါ်နော် ...!? "

        မနက်ဖြန် သူ့မေမေ ပြန်ရောက်မှာမို့ ဒီတစ်ညလုံးတော့ ပျော်ပျော်ရွှင်ရွှင် အတူကုန်ဆုံးချင်ခဲ့သည် ။ သို့သော် Royal Melon ပိုင်ရှင် Lee Busy က အလုပ်တစ်ပုံတစ်ပင်နဲ့ ကလေးကို ဂရုစိုက်ဖို့ မအားလပ်ချေ ။

       " ဟင်းး ...ဘာလို့ ဦးလေးကြီးက လာမကြိုတာလဲ ..!? "

     Lee Mark ခန့်ထားသည့် အတွင်းရေးမှူး အသစ်လေးအား ရစ်စရာမရှိ ကြံဖန်ရစ်နေသည် ။

       " Boss က မနက်ဖြန်ကျရင် လုပ်မယ့် Product အသစ် မိတ်ဆက်ပွဲ အတွက် အလုပ်ရှုပ်နေလို့ပါ ..!! "

       " ဖုန်းဆက်တုန်းကကျ လာခဲ့ပါ့မယ် ကတိပေးပြီးတော့ ..အစကတည်းက မအားရင် မအားဘူး ပြောပါလား ? !! "

       " ပြဿနာလေးတွေ ရှိနေလို့ စက်ရုံကို ရုတ်တရက် သွားလိုက်ရတာနဲ့ ကျွန်တော့်ကို လွှတ်လိုက်တာ...!? "

       " တော်ပြီ ..!! မလိုက်တော့ဘူး ..!! "

       " Boss က ကုမ္ပဏီကို သေချာခေါ်လာခဲ့လို့ မှာလိုက်တယ် ..!! "

       " ဖုန်းဆက်တော့လည်း မကိုင်ဘူး ..!! သူလာကြိုတာပဲ လိုချင်တာကို ..!? "

       တဇွတ်ထိုး ကလေးလေးကြောင့် အတွင်းရေးမှူး ကောင်လေး ခေါင်းကုပ်လိုက်မိသည် ။

      " အာ ...မေ့နေတာ ..!? Boss ပေးခိုင်းတာလေး ရှိသေးတယ် ..!! "

      ကားဆီ အလျှင်အမြန် ပြန်သွားကာ နောက်ခန်းထဲက အထုပ်တစ်ထုပ် ယူပြီး Hyuckie ဆီ ပြန်ရောက်လာသည် ။

     " လာမကြိုခင် Boss က ဒါလေးပေးခိုင်းသေးတယ် "

      အတွင်းရေးမှူး လှမ်းပေးသည့် အထုပ်ထဲက ဗူးလေးကို ယူကြည့်လိုက်သည် ။ ဈေးကြီးပေးရပြီး ‌အလှဗူးနဲ့ စပရှယ် ထုပ်ပိုးထားသည့် ဂျယ်လီလေးတွေပင် ။ ဗူးလေးပေါ်မှာလည်း စာလေးတစ်ရွက် ကပ်ထားသေးသည် ။

       ** ဂျယ်လီစားပြီး ကုမ္ပဏီကို ကောင်းကောင်းလိုက်ခဲ့နော် ** တဲ့ ..။

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now