အပိုင်း ၄

1K 117 0
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

           " တကယ် ရောက်လာသားပဲ !! မင်းအမေကို ဘယ်လိုပြောပြီး လာခဲ့တာလဲ !? "

         " ကျူရှင် လို့ ပြောခဲ့တာ "

         " ဟုတ်ပါပြီ ၊ လာ ..ဝင်လေ အိမ်ထဲကို ၊ ကိုယ်လည်း အခုမှ အလုပ်က ပြန်ရောက်တာ !! "

         Mark က သူ့ရဲ့ ကုတ်အင်္ကျီ ၊ နာရီတို့အား ချွတ်ကာ အိမ်ထဲ လုပ်စရာရှိတာ လုပ်ရင်း စကား‌တပြောပြော သွားလာနေသည် ။ Donghyuck လေးကတော့ လွယ်လာသည့် ကျောပိုးအိတ်တောင် မချွတ်ပဲ Mark နောက် တကောက်ကောက် လိုက်ကာ အိမ်ကို စပ်စုနေလေ၏ ။

        " ရော့ ..ကလေးဆိုတော့ စတော်ဘယ်ရီ ကြိုက်မယ် ထင်လို့ ကိုယ် ဖျော်လာပေးတာ ..!! သောက်လိုက်အုံး !! "

         Donghyuck အတွက် စတော်ဘယ်ရီကို နို့ဖြင့် ဖျော်ထားသည့် ဖျော်ရည်တစ်ခွက် ချပေးကာ သူ့အတွက်ကတော့ ပြင်းရှရှ ရှန်ပိတ် တစ်ခွက် ယူလာသည်။

       " ရှန်ပိန် နဲ့ စတော်ဘယ်ရီ ..!! ဒွန်ပယ်ရီနွန်က တစ်ခါပြောဖူးတယ် အဲ့ဒီ့အရသာက ကြယ်တွေကို မြည်းစမ်းရသလိုပဲတဲ့ .. မင်းသိလား ကလေး !! "

       Donghyuck လေးက စတော်ဘယ်ရီခွက်ကို လှမ်းယူပြီး မသောက်ပဲ အရင်နမ်းကြည့်လေသည် ။

      " ဦးလေးကြီး !! ဖျော်ရည်ထဲ အိပ်ဆေး ထည့်ပြီး ကျွန်တော့်လူပျိုဘဝကို ဖျက်စီးမှာတော့ မဟုတ်ပါဘူးနော် "

       *** အဟွတ်...***

       *** ဖလူးးးးးး ***

        သူကြွေမလား လို့ တော်ကီနဲ့ ခြွေကြည့်ပါတယ် လူဆိုးဇာတ်ကို လုံးလုံးသွင်းပစ်ခံလိုက်ရ၏ ။ ရှန်ပိန်ရဲ့ ပြင်းရှရှအရသာ နှာခေါင်းထဲ ထိုးဝင်သွားမှုက မီးစ ဖြင့် ထိုးခံလိုက်ရသလို စပ်ဖျင်းဖျင်း ခံစားနေရသည် ။

       " Ouchhh ...God Damn it !! "

        မခံချိမခံသာ ဝေဒနာက Mark ကို မျက်ရည်ပါလည်လာစေသည် ။ စားပွဲပေါ်က တစ်ရှူးဆွဲယူကာ ပါးစပ်နှင့် နှာခေါင်းကို သုတ်လိုက်သည် ။

      " ဘာလို့လဲ ၊ ငါက အဲ့လိုလုပ်မယ့်ရုပ် ပေါက်နေလို့လား !? "

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now