အပိုင်း ၁၃

997 110 21
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

          " သား ရော လိုက်ခဲ့လို့ မရဘူးလား "

          " ဖွားဖွားက အသည်းအသန် ဖြစ်နေတာ အမေ အကြာကြီး နေပေးရလိမ့်မယ် ထင်တယ် ၊ သားလေးက ကျောင်းတက်ရအုံးမှာ မလိုက်ခဲ့နဲ့ "

          အဝတ်တွေ ထည့်ရင်း ဖွားဖွားရှိသည့် Jeju ကို သွားတော့မည့် အမေ့နား ကလေးလို ကပ်ချွဲနေပြန်သည် ။

        " သား ဒီအိမ်မှာ တစ်ယောက်တည်း မနေခဲ့ရဲဘူး သရဲကြောက်တယ် !! "

       " သားကို Doyoung တို့ဆီမှာ ထားခဲ့မလားလို့ "

       " ဦးလေးနဲ့ မနေချင်ပါဘူး ၊ သားတို့ မတည့်ဘူး "

       " မင်းနဲ့ တည့်တာရော ဘယ်သူရှိသေးလဲ Lee Donghyuck !! ငါ့ကို နောက်ဆံတင်းအောင် မလုပ်စမ်းနဲ့ Doyoung တို့ အိမ်မှာပဲ နေခဲ့ !! "

        ဦးလေးဖြစ်သူနဲ့က မျက်နှာချင်းဆိုင်လိုက်တာနဲ့ စကားများရပြီမို့ Donghyuck မနေချင် ။ ပြီးတော့ ဟိုက တအားစည်းကမ်းကြီးတာကြောင့် Donghyuck လို လျှပ်တီးလျှပ်ပြာနဲ့ နမော်နမဲ့ ကောင်လေးကိုလည်း ခေါ်ထားချင်မှာ မဟုတ် ။

       " ဘေးဘက်အိမ်က ဟိုအစ်ကို ချောချောလေးနဲ့ နေခဲ့မယ်လေ Omma က ပြောပေးပါလား "

       " JungWoo လား "

       Kim JungWoo က သူတို့ဆီ မုန့်တွေလာပေး ဟင်းတွေလာပေးနဲ့မို့ အစားခုတ်တဲ့ Donghyuck လေးအကြိုက် တွေ့နေပုံ ရသည် ။

       " အင်း .!! "

       " ပြီးတာပဲ ၊ Omma ခဏနေ သွားအကူညီတောင်းကြည့်ပေးမယ် "

-

      " ရပါတယ် အန်တီ !! Hyuckie လေးကို ဘာမှ စိတ်မပူနဲ့နော် ကျွန်တော်လည်း တစ်ယောက်တည်း နေတာဆိုတော့ အဖော်ရတာပေါ့ "

      " ကျေးဇူးပါ သားရေ ၊ ကလေးက တအားဆိုးတာမို့ အားမနာပဲ ဆုံးမနော် !! "

       " ဟုတ်ကဲ့ .!! "

       " သားငယ် Donghyuck !! အစ်ကိုကြီးနဲ့ ကောင်းကောင်းနေခဲ့နော် ၊ ကျောင်းလည်း ပုံမှန်တက် !! ကြားလား !! "

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now