Unicode
အစက ၂၄ မှာ ဇာတ်သိမ်းမယ်ဆိုပြီး ရေးရင်း ရှည်သွားလို့ နှစ်ပိုင်းခွဲလိုက်ရပါကြောင်း 😂
______________________________________________I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]" ဆိုတော့ ..Lee Mark ဆိုတာ မင်းလား .!? "
" အပိုတွေ မမေးနဲ့ ၊ ကလေး ဘယ်မှာလဲ .!? "
Simon က သင်္ဘောဦးထိပ်ပိုင်းမှာ ရပ်နေကာ သူ့တပည့်တစ်ယောက်ကို လက်ထောင်ပြပြီး ခိုင်းလိုက်သည်။ ခဏနေတော့ ထိုတပည့်က Hyuckie လေးကို ပွေ့ချီပြီး ပြန်ရောက်လာ၏ ။
" ကလေးကို ဘာလုပ်လိုက်တာလဲ မင်းတို့ .!! "
" ဘာမှမလုပ်ရသေးပါဘူး ၊ ခေါ်လာကတည်းက ဒီတိုင်းပဲ ..!? "
" အာလူးလေးရယ် ..!! "
အဖျားတက်ပြီး အားနည်းနေတဲ့အချိန်မှ အခုလို ဖြစ်တယ်တဲ့လား ။
" ဘာလိုချင်တာလဲ .!? မင်း လိုချင်တာ မှန်သမျှ ငါပေးနိုင်တယ် ၊ ကလေးကိုတော့ လွှတ်ပေးပါ ..!! "
" တကယ်တော့ မင်းဆီက ဘာမှကို မလိုချင်ဘူး Lee Mark ..!? ငါက မင်း နာကျင်ခံစားရတာကိုပဲ ကြည့်ချင်တာ .!! "
" ဘာလို့လဲ ..!? ငါ ဘာလုပ်မိလို့လဲ .!? "
" ငါ့ညီမလေး Grace အတွက်လေ ..!? သူ မင်းကို အရူးအမူးကို ချစ်ခဲ့တာ "
" Grace ..!?? အာ့ဆို သူနဲ့ စကားပြောမယ် .!! သူ ဖြစ်ချင်တာ မှန်သမျှ လုပ်ပေးပါ့မယ် ကလေးကို အရင် လွှတ်ပေးပါ ..!! "
" Grace က မင်းနဲ့ ထပ်တွေ့မှာ မဟုတ်ဘူး ၊ အဲ့လိုပဲ ဒီကောင်လေးကိုလည်း မင်း ထပ်တွေ့ရတော့မှာ မဟုတ်ဘူး "
Simon က Hyuckie ကိုယ်လေးကို သူ့တပည့်လက်ထဲကနေ လွှဲပြောင်းယူကာ ဖမ်းချုပ်ထားပြီး ပြောသည် ။
" ဦး ..!! "
Simon လက်တွေဆီက ရုန်းမထွက်နိုင်ပဲ Hyuckie မျက်လုံးလေးတွေသာ ပွင့်လာသည် ။
" တောင်းပန်ပါတယ် ကလေးကို လွှတ်ပေးပါ ၊ ဖြစ်ချင်တာ မှန်သမျှ လိုက်လုပ်ပေးပါ့မယ် "
Simon တစ်ချက် ပြုံးသွားပြီး သူ့လူတစ်ယောက်ကို မျက်စပစ်ပြလိုက်လေသည် ။ သိပ်မကြာလိုက် ထိုလူက Lee Mark နား တိုးလာပြီး ဒကောက်ကွေးကို ကန်လိုက်သည်မို့ Lee Mark ဒူးထောက်လျက်သား လဲကျသွားသည် ။
YOU ARE READING
I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]
Fanfic💚MarkHyuck [ Unicode + Zawgyi ] ☑ Completed