Unicode
I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]လမ်းမပေါ် ပုံမှန်ထက်မြန်နေသည့် ကားတစ်စီး အရှိန်နှင့် မောင်းနေ၏ ။ ထိုကားအနက်ရောင်လေးမှာ Lee Mark ရဲ့ကားပင်ဖြစ်သည် ။
ဒီမနက် သူ ကုမ္ပဏီကို ရောက်ရောက်ချင်းပဲ Hyuckie ဆီက SMS တစ်စောင် ရောက်လာခဲ့သည် ။
** အရေးကြီးလို့ အိမ်ကို အမြန်လာပေးပါ ** တဲ့ ။
သို့ဖြစ်၍ လက်မှတ်ထိုးပေးရမည့် ဖိုင်တွဲတွေကို ပြန်ချပြီး ကုမ္ပဏီကနေ ဒုန်းဆိုင်းပြန်ထွက်လာခဲ့ခြင်းပင် ။
" အန်တီ ကလေး ဘာဖြစ်လို့လဲ ..!? "ဧည့်ခန်းထဲမှာ TV ကြည့်နေသည့် Hyuckie မေမေက သူ့ရဲ့ ပါဝါမျက်မှန်ကို ပင့်တင်းရင်း *မပြောချင်တော့ဘူး* ဆိုသည့် ပုံစံမျိုး လုပ်ပြလေသည် ။ သူ့ရဲ့ ရှူးဖိနပ်ကို ခြေသုတ်ခုံနားမှာ ချွတ်ရင်း ယောက္ခမလောင်းရဲ့ အဖြေကို Lee Mark စိတ်လောစွာ စောင့်နေသည် ။
" သူ နေမကောင်းဘူး မင်းဆီသွားချင်တယ်တဲ့ ၊ အဲ့တာနဲ့ နေမကောင်းတာ အမေအိမ်မှာ နေရမှာ မဟုတ်ဘူးလား မသွားနဲ့လို့ ပြောလိုက်လို့ ငါ့ကို စိတ်ကောက်နေတယ် အခု ..!! မနက်စာလည်း ခေါ်ကျွေးလို့ မရဘူး .!! "
အဆိုးလေးတစ်ယောက်ကို အမေဖြစ်သူတောင် မထိန်းနိုင်တော့တဲ့ အခြေနေရယ်ပါ ။
" ဗျာ ..!? ကလေးက အရမ်းနေမကောင်းဖြစ်နေတာလား ...!? "
" မနေ့က ဘာတွေလုပ်ပြီး ဘာတွေစားခဲ့လည်းမှ မသိတာ ၊ လည်ချောင်းတွေနာနေတယ်တဲ့ "
" ဪ ...!! ကျွန်တော့်ကို အရေးကြီးလို့ အိမ်လာခဲ့ပါ ခေါ်တာနဲ့ ရောက်လာရတာ ..!! "
" အမေကို ပြောမရတော့ မင်းကို စစ်ကူခေါ်တာနေမှာပေါ့ ၊ သွား ..သွား ..အပေါ်ထပ်မှာ သွားတွေ့လိုက် .."
" ဟုတ် အန်တီ ..!! "
Hyuckie မေမေကို ခေါင်းငုံ့ အရိုသေပေးကာ အပေါ် ထပ်ဆီ တက်ခဲ့လိုက်သည် ။ Lee Mark တို့ ကံကောင်းပုံက အသက်အများကြီးငယ်တဲ့ အူယားစရာဘဲပေါက်စလေး ရထားတဲ့အပြင် ယောက္ခမကပါ လက်ခံပေးပြီး အမြင်ကြည်နေတာမျိုး...။ အင်းပေါ့ သူကလည်း ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး ဖြစ်နေတဲ့အပြင် ရိုးသားကြိုးစားတဲ့ ကိုဖိုးသခွားလေး ဖြစ်နေတာကိုး ။ သူ့နေရာမှာ တခြား ကလေကချေ ဘာအဖြစ်မှ မရှိတဲ့သူမျိုးဆိုရင်တော့ ဒီလို ဘယ်ဟုတ်ပါ့မလဲ ။
![](https://img.wattpad.com/cover/257919079-288-k246051.jpg)
YOU ARE READING
I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]
Fanfic💚MarkHyuck [ Unicode + Zawgyi ] ☑ Completed