အပိုင်း ၁၅

940 99 0
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

         " အားးး ‌ခွေးစုတ်ကလေးး !! တကယ်နာတယ်ကွ !! အများကြီးပဲ ကိုက်ထားတာ !! "

        နိုးနိုးချင်း မှန်ရှေ့သွားကြည့်ကာ Lee Mark ငြီးငြူလိုက်မိသည် ။ အင်းလေ ..သူ့ရင်ဘတ်တစ်ခုလုံးလည်း နီတာရဲပြီး ရစရာမှ မရှိတော့တာ ။

        " လွှတ်လို့ ပြောတာပဲ ၊ သူ့ဘာသာ အတင်းဖက်နေပြီးတော့ ..!! "

        စောင်ပုံထဲက ခေါင်းစုပ်ထောင်းနဲ့ ထိုကလေး ပြန်ရန်တွေ့သည် ။

      " မဖြစ်ဘူး ဒီနေ့ ကာကွယ်ဆေး သွားထိုးမှ ရမယ် !! "

      " အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး ကျွန်တော် ဖွဖွလေး ကိုက်တာကို ..!! "

      တကယ်ဖွဖွလေး ကိုက်ထားတာပါ သွားရာတွေက အထင်းသား ကျန်နေခဲ့တာလေး တစ်ခုပဲ ။ သူ့ရင်ဘတ်က သွေးခြေဥနေသည့် ကိုက်ရာလေးတွေကိုသာ ထိုကလေးဘက်ကို လှည့်ပြလိုက်သည် ။

      " တစ်ခါကိုက်ပြီးရင် တော်ရောပေါ့ ဒီမှာ တစ်ခု ..နှစ်ခု ..သုံးခု ...အားလုံးပေါင်း ၇ ခုလောက်ရှိတယ် !! ခွေးစုတ်ကလေးး မနာဘူးများ ထင်လို့ အဲ့လောက် ကိုက်တာလားး ..ဟမ်.!? "

        ညတုန်းက ကျ ကြိတ်ခံနေပြီးတော့ ..။

      " အင်းး အင်းးး နောက်မကိုက်တော့ဘူး ဟုတ်ပြီလား ..!? ဒါလေးတောင် ခံနိုင်ရည်မရှိဖြစ်နေတာ တကယ် ချစ်သူတွေ ဖြစ်တဲ့အခါ..ဘယ်လိုလုပ်မလဲ .!? ကျွန်တော်က ဂုတ်တွေကော ..ပခုံးတွေကော ..အကုန် ကိုက် ....ကိုက် ...!!! "

      ရုတ်တရက် လွှတ်ခနဲ ထွက်သွားသည် သူ့ပါးစပ်လေးကိုသာ အသာပိတ်ပြီး ခေါင်းငုံ့သွားလေသည် ။

       " ဆက်ပြောလေ ...!? "

       " မစနဲ့ဗျ ..!! မြန်မြန်လုပ် အိမ်မှာ ကျောင်းဝတ်စုံ ဝင်လဲရမှာ ..!! "

-

       " အားး ကျွတ် ..ကျွတ် ..!! "

       ကားမောင်းနေရင်း ရင်ဘတ်က ကိုက်ရာလေးတွေက စပ်ဖျင်းဖျင်းနဲ့ နာနေသည်မို့ ဝတ်ထားသည့် ရှပ်အင်္ကျီလေးကို ဆွဲဆွဲဟကာ လေဝင်အောင် လုပ်နေလေသည် ။ အဲ့တာကို ဘေးက ကျောင်းဝတ်စုံနဲ့ ပိစိလေးက လှမ်းလှမ်းကြည့်ပြီး စိတ်မကောင်းး ဖြစ်နေ၏ ။

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now