Ep 1

2.4K 108 0
                                    

Zawgyi

အတ္တချစ်ခြင်း....❣️

Ep 1

"မောင် သွားမှ ဖြစ်တော့မှာလားဟင်.."
ကော်ဖီဆိုင်ထဲက ထိုင်ခုံလေးမှာ ထိုင်နေတဲ့
ကောင်မလေးဟာ ထွက်သွားဖို့ ဟန်ပြင်နေတဲ့
ကောင်လေးကို မျက်နှာငယ်လေးနဲ့ မေးနေလေရဲ့

"မောင့် အလုပ်က သွားမှ ဖြစ်တော့မယ်..ပင်ပင်း.."

"ဒါပေမဲ့ မောင်ရယ် ပင်ပင်း တို့က ခုမှ အေးဆေးတွေ့ရတာလေ..ပင်ပင်း ဘက်ကို နည်းနည်းလောက် ငဲ့ကြည့်ပါဉီး.."

"နောက်မှ ..နောက်မှ ပေါ့ ပင်ပင်း ရယ်..မောင် အရမ်း အရေးကြီးနေလို့ပါ..."
ကောင်မလေးကို ထားခဲ့ကာ
ရှောင်ကျန့် ဆိုတဲ့ ကောင်လေးဟာ
ကျောခိုင်းလျှက် ထွက်သွားလေသည်

မောင်ရယ် တကယ်ဆို
အလုပ်ရဲ့ 1% လောက်သာ ပင်ပင်းကို ဂရုစိုက်ရင်
ပင်ပင်း လောက် ပျော်တဲ့သူ ရှိမှာတောင်မဟုတ်ပါဘူး
ခုတော့..ခုတော့ မောင်ရယ်
အေးပေါ့လေ အလုပ်ကို အရမ်းအလေးပေးတဲ့မောင့်ကို
ပင်ပင်း အပြစ်မမြင်ပါဘူး
လက်ထပ်ပြီးရင်တော့ ပင်ပင်းကို
ပစ်မထားပါနဲ့နော်..မောင်...

"ဝုန်း..💥"
ရှောင်ကျန့်ကော်ဖီဆိုင်က အထွက်
ကောင်လေးတစ်ယောက်ကို ဝင်တိုက်မိသွားလေသည်

ကျွန်တော် ဘယ်လောက်အရေးကြီးနေတယ်ဆိုတာ
ကျွန်တော့ ရှေ့က ကောင်လေး လဲကျသွားတာကို
ကြည့်တာနဲ့ တင်သိနိုင်ပါတယ်
တိုက်မိတဲ့ အရှိန်ပြင်းသွားတယ်ထင်တယ်

"ကောင်လေး မင်း အဆင်ပြေရဲ့လား.."
ရှောင်ကျန့်  မေးလိုက်တော့ ထိုကောင်လေးမှာ
စိတ်တိုနေဟန်နဲ့ တူပါတယ်

ရိပေါ်လည်း လူတစ်ယောက်လုံးကိုတောင်မမြင်ဘဲ
အတင်းဝင်တိုက်တဲ့ လူကို
တော်တော်တော့ ဒေါသထွက်သွားလေသည်
ရိပေါ်ဆိုတာ ပြဿနာကို လွယ်လွယ်နဲ့
ကြေအေးပေးဖို့မပြောနဲ့
ပြဿနာ မရှိရင်တောင် မနေတတ်လို့ လိုက်ရှာနေတဲ့သူမျိုး
"ဒီမှါ..ခင်ဗျား..လူတစ်ယောက်လုံးကို မမြင်ရအောင်.ခင်ဗျား..စောက်လုံးကန်း..."
ရိပေါ်ရဲ့ ရန်စကားတွေဟာ ရှောင်ကျန့်ကို မြင်လိုက်တော့
ပျောက်ကွယ်သွားသည်

Your Special Coffee Cup☕️[Completed]Where stories live. Discover now