Ep 4

665 52 1
                                    

Zawgyi

Ep 4

ဘား တစ်ခုတွင်
"ဘာ..ဝမ်ရိပေါ်..မင်း ဘယ်တုန်းက ယောက်ျားလေး စိတ်ဝင်စားသွားတာလဲ..."
ယွီပင်း ထအော် တာကြောင့် ရိပေါ်မှာ ခပ်လန့်လန့်

အကြောင်းမှာ ရှောင်ကျန့်နဲ့တွေ့လာခဲ့တဲ့အကြောင်းကို
ပြန်ပြောပြလိုက်သောကြောင့်ပင်

ယွီပင်းလန့်လည်း လန့်ချင်စရာပင်
ဝမ်ရိပေါ်ဆိုသည်မှာ ယောက်ျားလေးကို
စိတ်ဝင်စားဖို့မပြောနဲ့ သူ့ရှေ့မှာ အလန်းလေးဝတ်ထားတဲ့
မိန်းကလေးတွေကိုတောင်
မျက်စောင်းနဲ့ လှည့်မထိုးဘူး
ခုလို ကြားလိုက်ရတော့ ယွီပင်းမှာ
အံ့လည်းသြသွားလေသည်

"ငါက ယောက်ျားလေး စိတ်ဝင်စားတာမဟုတ်ဘူး..ငါချစ်တဲ့သူက ယောက်ျားလေးဖြစ်နေတာ..ငါ ချစ်တာက ရှောင်ကျန့်..ရှောင်ကျန့်က ယောက်ျားလေး..ရှင်းနေတာပဲ..တစ်ခြားယောက်ျားလေးတွေ ငါစိတ်မဝင်စားဘူး..ရှောင်ကျန့်ဖြစ်နေလို့..ဟုတ်တယ် သူဖြစ်နေလို့ကို ချစ်မိသွားတာ.."
ဝမ်ရိပေါ်ကို ကြည့်ပြီး ယွီပင်းမှာ မျက်လုံးအပြူးသားနဲ့

ဒါအရင်က သူသိခဲ့တဲ့ ဝမ်ရိပေါ်မှ ဟုတ်ပါရဲ့လားလို့လေ

"ငါ့ကောင်ကြီးတော့ ..အရူးအမူးဖြစ်နေပြီ..."

"ဟုတ်တယ်ကွ..ငါတကယ်ချစ်သွားတာ..love at first sight..တဲ့ မြင်မြင်ချင်းမှာ ယုန်သွားလေးနဲ့ အပြုံးလေးက
ဒီ ကောင့်ကို ညှို့ယူသွားတာ..နှုတ်ခမ်းအောက်က မှဲ့နက်လေးကို မြင်လိုက်တော့ ငါ့ အသက်တောင် ပါသွားပြီလားမှတ်တယ်..တကယ်ကို ချစ်စရာလေးကွာ..."
ရိပေါ်လည်း သူဘယ်လောက်ချစ်ကြောင်းကို
ပြောပြလိုက်လေသည်

"မင်းကလည်း မင်းဘက်က သူ့ကို ချစ်တာသေချာတယ်ဆိုပေမဲ့ သူ့ဘက်က ယောက်ျားတစ်ယောက်ကို လက်ခံနိုင်ပါ့မလားဆိုတာ မင်းအရင်ဆန်းစစ်သင့်တယ်..ခုဟာက တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း ဆိုသလို.ကိုကိုလို့ ခေါ်ပြီး ချစ်တယ်လို့ ပြောလိုက်တော့ ဟိုက ဒေါသထွက်သွားမှာပေါ့.."
ဝမ်နင် ပြောလိုက်တော့ ရိပေါ်က ပြုံးသည်

ကျွန်တော်သိပ်သိတာပေါ့..သူကျွန်တော့်ကို
မုန်းသွားမယ်ဆိုတာ

Your Special Coffee Cup☕️[Completed]Dove le storie prendono vita. Scoprilo ora