Ep 7

615 45 0
                                    

Zawgyi

Ep 7

ဒီနေ့ လက်ထပ်ပွဲနေ့..
ရှောင်ကျန့် တစ်ယောက် ပျော်သလိုလို ဝမ်းနည်းသလိုလိုဖြစ်နေလေသည်
ဒါဟာ ဘာဖြစ်နေတာလဲ ဆိုတာတော့ သူမသိပေ
အမှန်တိုင်း ပြောရရင် ကျွန်တော်
အိမ်ထောင်သည်တစ်ယောက်ဖြစ်ဖို့
အဆင်သင့်မဖြစ်သေးဘူး
"ကျွီ...."
ရှောင်ကျန့် တံခါး ဖွင့်သံကြားလိုက်ရသည်
ဒါပေမဲ့ ဝတ်စုံလာပေးတဲ့ လူထင်လို့
"ကျွန်တော့် ဝတ်စုံဆိုရင် ထားခဲ့လိုက်ပါ.."

"လူမပါဘဲ မပြန်နိုင်ဘူး.."

"ဟင်..ဒီ အသံ.."
ရှောင်ကျန့် နောက်ကို လှည့်ကြည့်လိုက်တော့
"ဝမ်ရိပေါ် မင်း...ဘယ်လို..ရောက်.."
ရှောင်ကျန့် အော်မယ်ကြံတုန်း.ရိပေါ်က ပါးစပ်ကိုလက်နဲ့အုပ်ထားလိုက်လေသည်

"ရှူး..တိတ်တိတ်လေးနေ..ကိုကို.."

"အွန်း..လွှတ်...ဝမ်ရိပေါ်..အွန်း..လွှတ်.."

"တောင်းပန်ပါတယ် ကိုကို...."
ရိပေါ်ပြောပြီး မေ့ဆေးသုံးထားတဲ့ လက်ကိုင်ပုဝါလေးနဲ့
ရှောင်ကျန့် ပါးစပ်ကို အုပ်လိုက်လေသည်

ရှောင်ကျန့်လည်း ရုန်းကန်နေရင်း လောကကြီးနဲ့
ခဏတာအဆက်ပြတ်သွားလေသည်

ဝေဝါးနေတဲ့ မျက်လုံးတစ်စုံကို ပွတ်သပ်နေရင်း
အရိပ်ဝါးဝါးတစ်ခု မြင်နေရသည်
"ဝမ်ရိပေါ်..မင်း..ဘယ်လိုလုပ်ရပ်ကို လုပ်ခဲ့တာလဲကွာ.."
ရှောင်ကျန့် အားတင်းကာ ရှေ့က လူကိုသေချာကြည့်မိသည်
သေချာတယ် ဝမ်ရိပေါ်
မင်း မင်း..ငါ့ကို သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင် လုပ်ယူလိုက်ပြီ
ငါ..ငါ မင်္ဂလာပွဲကို မသွားရင် ငါက..ဘာကောင်ကြီးဖြစ်သွားပြီလဲ..ငါက သစ္စာမရှိတဲ့ ကောင်ကြီးပေါ့ ဟမ်..
မင်္ဂလာပွဲစခါနီးမှ ယောက်ျားတစ်ယောက်နောက်ကို
လိုက်ပြေးသွားတဲ့ ကောင်ကြီးပေါ့...
မင်းကွာ..မင်း..မင်းနဲ့ တွေ့ခဲ့တာကိုက
ငါ့ အတွက် ကြမ္မာဆိုးပဲ
မင်းနဲ့တွေ့ခဲ့တာဟာ မလိုချင်ခဲ့တဲ့ ကံတရားတစ်ခုပဲ...

မိမိကို စိုက်ကြည့်နေပြီး ဘာမှလည်းမပြောဘဲ
မျက်ရည်တွေသာ စီးကျနေတဲ့ ရှောင်ကျန့်ကို
ဝမ်ရိပေါ် ကြည့်ပြီး ပြုံးမိသည်
"ကိုကို နိုးလာပြီလား.."
ညင်သာသော အသံလေးနဲ့ မေးလိုက်သော်လည်း
ပြန်ရလာသော တုံ့ပြန်မှုမှာ

Your Special Coffee Cup☕️[Completed]Donde viven las historias. Descúbrelo ahora