Zawgyi
Ep 24
ညက ရန်ဖြစ်ထားပေမဲ့ မနက်ရောက်တော့
ရိပေါ် အလုပ်သွားဖို့ ပြင်ရတော့သည်
အိပ်နေတဲ့ ကလေးအဖေလေးကို မနှိုးရက်တာမို့
မနက်ခင်း အနမ်းလေးပေးကာ အလုပ်သို့သာသွားတော့သည်
ဘယ်လောက်ပဲ စိတ်ဆိုးဆိုး မချစ်ဘဲတော့မနေနိုင်ဘူးလေရိပေါ်ထွက်သွားတာနဲ့ အိပ်ချင်ယောင်ဆောင်နေတဲ့ရှောင်ကျန့် မျက်ရည်တွေကျနေလေပြီ
ဘယ်လောက်ပဲ မုန်းအောင်လုပ်လုပ်
ဘာလို့များ မမုန်းရတာလဲ မောင်ရယ်....ကိုယ်လက်သန့်စင်ပြီး ရှောင်ကျန့်လည်း အောက်ထပ်သို့ ဆင်းလာစဉ်
"အားကျန့်.....""ဟုတ် မား"
"မား နဲ့ ဧည့်ခန်းထဲကို ခဏလိုက်ခဲ့"
ရှောင်မားက ပြောပြီး ရှေ့က သွားလေသည်
ရှောင်ကျန့် လည်း နောက်ကလိုက်သွားပြီး
ဧည့်ခန်းထဲသို့ ရောက်တော့
"ပင်ပင်း...."
ရှောင်ကျန့် အလန့်တကြားနဲ့ နာမည်ကို ခေါ်မိတော့သည်"မား ခေါ်လိုက်တာ ထိုင် ပြောစရာရှိလို့"
သုံးယောက်သား ထိုင်လိုက်ပြီး
"အားကျန့် မင်းမှာ တကယ်ပဲ ကလေးရှိနေတာလား"မားရဲ့ စကားကြောင့် ရှောင်ကျန့်လန့်သွားလေသည်
ဘာလဲ ကလေးကို ဖျက်ခိုင်းမှာတော့ မဟုတ်ဘူးမလား
အဲ့လောက်ထိတော့ မရက်စက်ပါနဲ့နော် မားရယ်"....."
"ပြောပါ တကယ်ဆိုရင် မားက မင်းကို ခွင့်လွှတ်ပေးမှာပါ ကလေးလေးက မားမြေးပဲလေ"
ကြားလိုက်ရတဲ့ စကားကြောင့် ရှောင်ကျန့်ကိုယ့်နားကိုတောင် မယုံနိုင်
မားက ခွင့်လွှတ်မယ်တဲ့လား
ကလေးလေး ပါးပါးရဲ့ကလေးလေးက
ပါးပါးနဲ့ဒယ်ဒီကို ကယ်တင်လိုက်တာပဲ
ကျေးဇူးတင်ပါတယ် ကလေးလေးရယ်"မား..."
ရှိုက်သံကြီးနဲ့ မားဟုသာ ပါးစပ်က ပြောနိုင်ပြီး
မားကို ရှောင်ကျန့်ဖက်လိုက်လေသည်
"တကယ်မလား အားကျန့်""ဟုတ် တကယ်ပါ သားဗိုက်ထဲမှာ မားရဲ့မြေးလေးရှိနေတယ်"
"ကျေးဇူးပါ အားကျန့်ရယ်"
ရှောင်မားလည်း ရှောင်ကျန့် ရဲ့ ကျောပြင်လေးကို
ဖွဖွလေးပုတ်ပြီး ကျေးဇူးတင်ရှာသည်
BINABASA MO ANG
Your Special Coffee Cup☕️[Completed]
FanfictionWang Yibo မကြိုက်မှန်းသိပေမဲ့ သောက်ဖို့ရာဆန္ဒရှိတဲ့အခါ ကော်ဖီခွက်လေး အနားမှာရှိတယ် မချစ်မှန်းသိပေမဲ့ အကယ်၍များဆိုတဲ့စိတ်နဲ့ အနားမှာ ကပ်တွယ်ချင်သေးတာ ချစ်ချင်မှ ချစ်ပါ ရိပေါ်က ကိုကို့ရဲ့ ကော်ဖီခွက်လေး...☕️ Xiao Zhan ရွေးချယ်စရာတွေ အများကြီးရှိရင်တေ...