Ep 20

557 38 0
                                    

Zawgyi

Ep 20

"ဟင့်အင်း ဟင့်အင်း !ကိုကို ဘာမှမသိဘူး ကိုကိုတကယ်မသိတာ ကိုကို့ကို ယုံပါ နော်.. ရိပေါ် နော်...."
ရှိုက်ကြီးတငင်နဲ့ မိမိကို ဖက်ကာ ငိုယိုပြီး
ယုံကြည်ဖို့ရာ ပြောနေတဲ့ ကိုကို့ကို အကြွင်းမဲ့ယုံကြည်ပါတယ်ဆိုတာ မောင်ဘယ်လိုပြောရပါ့မလဲကွာ...

"မငိုနဲ့ကွာ နော်၊ မောင်ယုံတယ် သိလား"

"မားက မောင့်မားမှန်း ကိုကို တကယ်မသိခဲ့ဘူး
ကိုကို ငယ်ငယ်တုန်းက မားမွေးစားခဲ့လို့ မားရဲ့ ကျေးဇူးကို ဘယ်လိုဆပ်ရမလဲ ပဲ စဉ်းစားနေခဲ့တာ၊
မားပြောတဲ့ စကားတစ်ခွန်းရှိတယ် 'ကိုကိုက မားရဲ့ နောက်ဆုံးမျှော်လင့်ချက်မို့ သူစိတ်ပျက်အောင်မလုပ်ပါနဲ့'တဲ့၊ အဲ့စကားတစ်ခွန်းတည်းနဲ့ သားလိမ္မာဖြစ်ဖို့ ကိုကို ကြိုးစားခဲ့တယ် အဲ့ဒါ...အဲ့ဒါ"

"ကိုကို မပြောနဲ့တော့ကွာ မောနေတော့မယ်
မောင်ယုံတယ်နော် မောင်ယုံတယ် ဟုတ်ပြီလား"
ရိပေါ်လည်း ငိုပြီးရှင်းပြနေတဲ့ ရှောင်ကျန့်ကို
ဖက်ထားရင်း ကျောလေးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်လေသည်

ငိုရတာမောသွားလို့ထင်တယ် ကိုကိုက ရိပေါ်ပုခုံးလေးပေါ်ခေါင်းတင်ရင်း အမောဖြေနေလေရဲ့
ရိပေါ်တစ်ယောက် သူ့ရဲ့ချစ်ရသူလေးကို
ပွေ့ကာ ကုတင်ပေါ်ကို ညှင်သာစွာတင်ပေးလိုက်ပြီး
"ကိုကို ပင်ပန်းတာကို နည်းနည်းလေးမှ မမြင်ချင်ပါဘူး..ကိုကို့ မျက်ဝန်းက ကျလာတဲ့ မျက်ရည်စက်တိုင်းက မောင့်ရင်ကို ဓားနဲ့မွှမ်းနေသလိုပဲ တဆစ်ဆစ်နဲ့ နာကျင်ရတယ် ကျေးဇူးပြုပြီး မငိုပါနဲ့လားကွာ"
ရှောင်ကျန့်ရဲ့ နဖူးပေါ်မှာ ဝဲကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးရင်း ရိပေါ်က ချော့ပြောနေတော့
ရှောင်ကျန့် မနေနိုင်စွာဘဲ ရိပေါ်ရင်ခွင်ထဲတိုးဝင်လိုက်သည်

ရင်ခွင်ထဲက အကောင်ပေါက်လေးဘေးနားမှာဝင်လှဲလိုက်ရင်း စိတ်ညစ်စရာတွေဖြေဖျောက်ဖို့
နှစ်ယောက်အတူ အိပ်မက်ကမ္ဘာကို သွားကြစို့ !
***********************************************

"ဘယ်လိုဖြစ်နိုင်မှာလဲ မဖြစ်နိုင်ဘူး မား"

"ဖြစ်နိုင်တာ မဖြစ်နိုင်တာထက် ငါဖြစ်ချင်တာပဲ သိတယ် ပင်ပင်း.."

Your Special Coffee Cup☕️[Completed]Where stories live. Discover now