Ep 23

611 40 0
                                    

Zawgyi

Ep 23

"ထွက်လာခဲ့ ဝင်သွားတာ ဘယ်လောက်ကြာပြီလဲ
အိုဗာတွေမလုပ်စမ်းနဲ့! ကလေးရှိတာလည်း သတိရအုံး"
ရန်ဖြစ်ပြီး ရေချိုးခန်းထဲဝင်သွားတဲ့ ရှောင်ကျန့်
ပြန်ထွက်မလာသေးတဲ့အခါ ရိပေါ် စိတ်ပူပြီး
ထွက်လာဖို့ရာ ပြောလိုက်လေသည်

ခဏကြာမှ တံခါးပွင့်လာပြီး
မျက်လုံးတွေရဲပြီး ပြောလာတဲ့ ရှောင်ကျန့်စကားက
"မင်းကလေးကို လွယ်ထားရတာ မလွတ်လပ်လိုက်တာ စိတ်သာရှိရင် မွေးကိုမမွေးချင်ဘူး!! "

"ဘာ မင်းကလေးတဲ့လား !ကျုပ်တစ်ယောက်တည်းကြောင့်ရတဲ့ကလေးလား..ပြန်စဉ်းစား ရှောင်ကျန့်၊
ခုမှ လူတောင် မဖြစ်ရသေးတဲ့ကလေးကို ဖျက်ချချင်နေတာလား?"

"ငါ စိတ်ကုန်လာပြီ၊ ငါက ယောက်ျားတစ်ယောက်
ဖျက်ချချင်ရင် ဖျက်ပစ်ရမှာပဲ"

"ရှောင် ကျန့်!!"
ရိပေါ် စိတ်တိုကာ အော်ပစ်လိုက်သည်

ဘယ်လောက်ပဲ စိတ်ဆိုးပါစေအုံး
ကိုယ့်ရင်သွေးကို ဖျက်ပစ်မယ်လို့ပြောထွက်ရက်တာတော့ တကယ်ကို လွန်သည်

"ငါ့ကို လာမအော်နဲ့! "

"အော်အောင် ခင်ဗျားပဲ လုပ်နေတာလေ!"
ရိပေါ် စိတ်တိုပြီး အသံကို နှစ်ဆတင်ကာ
ထပ်အော်လိုက်လေသည်

"မမြင်ချင်ဘူး ထွက်သွား"

"ကျုပ်ကလေးသာ တစ်ခုခုဖြစ်ရဲဖြစ်ကြည့် ခင်ဗျားမလွယ်ဘူး! "

"ဘာလုပ်ချင်လဲ သတ်မလို့လား ..လာသတ်လေ လာ"

"ရှောင်ကျန့်.. ခင်ဗျား!!"
ရိပေါ် စိတ်တိုပြီး နံရံကို လက်သီးနဲ့ ဆင့်ထိုးပစ်လေသည်

ရှောင်ကျန့် ရိပေါ်လက်ကို အတင်းပြေးဆွဲပြီး
"ဘာလုပ်တာလဲ ရူးနေတာလား "

"စိတ်တိုလို့ဗျာ စိတ်တိုလို့"

"ငါ့ကို စိတ်တိုရင် ငါ့ကိုထိုးပါလား..ဘာကိစ္စကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်ရတာလဲ"
ရှောင်ကျန့် ပြောလည်းပြော ရိပေါ်လက်ကသွေးတွေကိုကြည့်ပြီး မျက်ရည်တွေလည်း ကျနေလေသည်

နာလိုက်တာ တကယ် နာတယ်
ဒဏ်ရာရတာ မင်းလက်ဆိုပေမဲ့
ဒီရင်မှာ လာနာနေတယ်
ချစ်မိသွားရင် အဲ့လိုပဲဖြစ်တတ်တာလား....

Your Special Coffee Cup☕️[Completed]Hikayelerin yaşadığı yer. Şimdi keşfedin