Ep 22

529 31 0
                                    

Zawgyi

Ep22

"အားကျန့် ခဏလာအုံး"
ရှောင်မား ခေါ်သံကြောင့် ရှောင်ကျန့်လည်း
ရှောင်မားနောက်သို့ လိုက်သွားလေသည်

"ထိုင်"
မားက ပြောပြီး ဆိုဖာမှာထိုင်လိုက်လေသည်
ရှောင်ကျန့်လည်း မားဘေးမှာ ဝင်ထိုင်လိုက်ပြီး
"မင်း ကိုပြောစရာရှိတယ် မင်း ပင်ပင်းပေါ်မှာ သံယောဇဉ်ရှိသေးလား"

"အာ မဟုတ်တာ မားရယ် သားက ရိပေါ်ကိုပဲ ချစ်ခဲ့တာပါ"

"မေ့လိုက်တော့"

"ဘာကိုလဲ မား"

"ရိပေါ်ကို မေ့လိုက်တော့လို့ ၊မင်းကိုငါကျွေးမွေးခဲ့တာ
မင်း အသက်ပေးရင်တောင် ကျေးဇူးကြွေးမကုန်တာ
ငါ့သားကိုပါ ကြည်ကြည်ဖြူဖြူပေးရအောင်
ငါအရူးမဟုတ်ဘူး အားကျန့်"

စလာပြီ ချစ်ခြင်းတရားရယ်လို့ဖြစ်လာရင်
ဆူးညှောင့်ခလုတ်တွေက ပေါ်လာတတ်စမြဲ
ဒါပေမဲ့ ငါတို့တွေ နီးလျှက်နဲ့လည်း ဝေးသင့်သလောက် ဝေးခဲ့ကြပြီးပြီ
ဒီလောက်ထိတော့ မရက်စက်ပါနဲ့လား ကံကြမ္မာရယ်....

"ဟို ဟို မား.."

"အားကျန့် မင်းက ငါကျွေးမွေးခဲ့တဲ့ကလေးပါ ပြီးတော့ မင်းအရမ်းလည်း ချစ်စရာကောင်းပါတယ်
ဒါပေမဲ့ ရိပေါ်နဲ့တော့ မလိုက်ဖက်ဘူး
ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ မိန်းကလေးတစ်ယောက်ကမှ ရိပေါ်နဲ့ လိုက်ဖက်တာ
ဒါတွေကို မင်းမသိတာလည်း မဟုတ်ဘူး"

"......"

"နောက်ပြီး မျိုးဆက်ဆိုတာ ရှိသေးတယ် ၊ရိပေါ်က ခုချိန်မှာ မင်းကို ချစ်ပေမယ့် ပျော်ရွှင်စရာမိသားစုလေးတွေ မြင်တဲ့အခါ သူအားမကျဘဲ နေနိုင်မှာတဲ့လား၊
မင်း သူ့ကို မိသားစုကမ္ဘာလေး ပေးနိုင်မှာတဲ့လား ဟမ်"

မားရဲ့ စကားလုံးတွေတိုင်းဟာ ရှောင်ကျန့်အတွက်တော့
ရင်ကို အစိမ်းလိုက် ဓားနဲ့ မွှန်းနေသလို
တဆစ်ဆစ်နဲ့ နာကျင်ရတယ်
နာကျင်ခြင်း ဒဏ်တွေကို အံတုနိုင်ရန်
လက်သီးကိုသာ ပြင်းပြင်းဆုပ်ထားမိသည်
ငါလည်း ယောက်ျားတစ်ယောက်ပဲ
လက်သီးဆုပ်ပြီး နာကျင်ခွင့်တော့ရှိတယ်မလား...

Your Special Coffee Cup☕️[Completed]Where stories live. Discover now