Ep 13

592 36 0
                                    

Zawgyi

Ep 13

"ဘယ်လိုဖြစ်ရတာလဲကွာ.."
လူနာ ကုတင်ဘေးမှာ ခေါင်းငိုက်စိုက်ကျနေတဲ့ ရိပေါ်ကို ယွီပင်း​မေးလိုက်တော့

"မင်း သိလား...ကိုကိုက ..ဟင့်အင်း...ငါ အထင်မှားတာနေမှာ..မနက်ကတောင် ကိုကိုက ချစ်တယ်လို့ ပြောခဲ့သေးတာပဲ..."
ပြောပြီး မျက်ရည်တွေကျနေတဲ့ ရိပေါ်ကို
ကြည့်ပြီး ယွီပင်း စိတ်မကောင်းဖြစ်ရုံမှလွဲပြီးဘာမှမတတ်နိုင်

ဒီလူကို ရိပေါ် ဘယ်လောက်အချစ်ဆုံးဆိုတာ
ယွီပင်းအသိဆုံး သူသိပ်ချစ်တဲ့ ဘားကိုတောင်
သူငယ်ချင်းဆီမှာ အပ်ထားပြီး
မလုပ်ချင်တဲ့ ကုမ္ပဏီအလုပ်တွေကို
သည်းခံပြီး လုပ်နေခဲ့တာ

အခုလည်း ဖုန်းမဆက်တာကြာပြီဖြစ်သော်လည်း
ဖုန်းဆက်လာတာကြောင့်
ဝမ်းသာစွာဖုန်းကိုင်လိုက်တော့ ငိုကြီးချက်မနဲ့
ဝမ်ရိပေါ်ကြောင့် ဆေးရုံကို အပြေးလာရတော့သည်

ကုတင်ဘေးမှာ ခေါင်းငိုက်စိုက်ကျနေတဲ့
သူငယ်ချင်းကို အားပေးရုံမှလွဲပြီး
ယွီပင်း ဘာမှတတ်နိုင်မှာ မဟုတ်ပေ

" မင်းပုံက အားအရမ်းပြတ်နေပြီ...သူသတိမရလာခင် မင်းလဲသွားလိမ့်မယ်..ရိပေါ်..."

"ရတယ် ငါ့ကိုကို ကို စိတ်မချဘူး..ငါ ဒီနေရာကနေ တစ်ဖဝါးမှ မခွါဘူး.."
ခေါင်းမာလွန်းတဲ့ ရိပေါ်ကို ယွီပင်း ခပ်နာနာလေးသာ
ခေါင်းကို ထုလိုက်ချင်ပါရဲ့

မင်းရဲ့ ချစ်သူကို ချဉ်းကပ်နည်းက
အစတည်းက မှားမှန်းမသိ မှားနေခဲ့တာလေ..

"ငါ မင်းကိုကို ကို စောင့်နေပေးမယ်..မင်းက အိမ်ပြန်ပြီး လိုအပ်တာတွေယူခဲ့လေ..သွားပါ..ရိပေါ်"
ယွီပင်းက အတင်းနားချတာကြောင့်
ရိပေါ် အိမ်ပြန်သွားလေသည်

အခန်းထဲရောက်တော့ မနက်က သူနဲ့ရှောင်ကျန့်ရဲ့
ပုံရိပ်လေးတွေ ပြန်မြင်ယောင်ပြီး
မျက်ရည်တွေက အတားအဆီးမဲ့စွာ စီးဆင်းလျှက်

"ကိုကို ရယ် အရမ်းကို နာကျင်ခဲ့လေမလား.."
တွေးရင်း ကုတင်ထက်မှာ ထိုင်လိုက်လေသည်

စားပွဲပေါ်က စာရွက်လေးကို အကြည့်တစ်ချက်ရောက်မိသွားသည်
ဘာ စာရွက်လေးပါလိမ့် လို့တွေးကာ
ယူပြီး ဖတ်ကြည့်လိုက်တော့
ရိပေါ် ရင်တစ်ခုလုံး စုတ်ပြတ်သပ်သွားသည်
📃ဒီစာကို ဖတ်နေတဲ့အချိန် ငါရှိတော့မှာမဟုတ်ဘူး
တစ်ခုတော့ နှမြောမိတယ်
ငါ မရှိတော့လို့ မင်းအရူးတစ်ပိုင်းဖြစ်နေရတဲ့ပုံကို
ကျေနပ်စွာ မကြည့်နိုင်တာကိုပေါ့
ဒါပေမဲ့ စိတ်ချပါ တမလွန်ကနေ
ကျေနပ်စွာ ပြုံးကြည့်နေမယ့်သူ ရှိတယ်ဆိုတာ
သတိရပေး....📃

Your Special Coffee Cup☕️[Completed]Where stories live. Discover now