Ep 11

536 37 2
                                    

Zawgyi

Ep 11

မနက်ခင်းရဲ့ နေရောင်ခြည်စူးစူးဟာ
ပြတင်းပေါက်ကို ဖြတ်ကျော်ပြီး
ရှောင်ကျန့်ရဲ့ မျက်နှာကိုလာရိုက်ခတ်နေတာကြောင့်
မျက်လုံးလေးကို မှိတ်ထားမိသည်
လက်လေးနဲ့ ဘေးကို စမ်းကြည့်လိုက်တော့
အေးစက်နေတဲ့ အိပ်ယာခင်းကိုသာ ထိတွေ့မိသည်
"သူ အလုပ်သွားပြီပဲ.."
ရှောင်ကျန့် မှာလုပ်စရာအလုပ်မရှိသော်လည်း
အိပ်ပဲအိပ်နေရင် ခေါင်းမူးမှာစိုးသောကြောင့်
ထကာ ကုတင်ပေါ်တွင်ထိုင်လိုက်သည်

အမြဲတမ်းအလုပ်နဲ့လက်နဲ့ မပြတ်သည့်
ရှောင်ကျန့်ဟာ ခုလို အေးဆေးနေရတာ
အဆင်မပြေ ...ဒီနေ့တော့ ဟင်းချက်ရမည်
ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်မည်အလုပ် စားပွဲပေါ်မှာတင်ထားတဲ့ ကော်ဖီခွက်လေး
ရှောင်ကျန့် မြင်လိုက်တော့ အနားကိုသွားကြည့်မိသည်
ကော်ဖီခွက်လေး ဘေးမှာ စာလေးတစ်စောင်

"ဒီ ကောင်လေး ဘာအရူးထထားပြန်ပြီလဲ"
စာရွက်လေးကို ကိုင်ကာ ရှောင်ကျန့်ပြုံးလိုက်မိသည်
သူကိုယ်တိုင်တောင် မသိလိုက်ပါပဲနဲ့ပေါ့

   💌မကြိုက်မှန်းသိပေမယ့်
   သောက်ဖို့ရာ ဆန္ဒရှိလာတဲ့အခါ
   ကော်ဖီခွက်လေးဟာ အနီးဆုံးမှာရှိတယ်
   မချစ်မှန်းသိပေမယ့် အကယ်၍များဆိုတဲ့စိတ်နဲ့
   အနားမှာ ကပ်တွယ်ချင်မိသေးတာ
   ချစ်ချင်မှ ချစ်ပါ..
   ကျွန်တော်က ကိုကို့ရဲ့ကော်ဖီခွက်လေး .☕️

ဖတ်ပြီးနောက် စာရွက်လေးကို သူ့နေရာနဲ့သူပြန်ထားကာ
ကော်ဖီခွက်လေးကို ကျောခိုင်းရင်း
ရေချိုးခန်းထဲကို ဝင်လာခဲ့သည်
"ကော်ဖီဆိုတာ ရောစပ်စရာ သကြားဆိုတဲ့အရာပါမှ
ချိုမြိန်တာ နဂိုအရသာက ခါးတယ်ဆိုတာ မင်းမသိလေရော့သလား..တစ်ဆိတ် ကော်ဖီခါးခါး ငါမကြိုက်ဘူး..."

ရှောင်ကျန့် ရေချိုးပြီး အောက်ထပ်ကို ဆင်းလာလိုက်သည်
မီးဖိုချောင်ထဲကို ဝင်ကာ အေပရွန်ကို ဝတ်လိုက်ပြီး
ရေခဲသေတ္တာထဲက ဟင်းချက်စရာများကို ယူကာ
ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး ဟင်းချက်လိုက်သည်
.....................................................................................
ရိပေါ် တစ်ယောက် ကုမ္ပဏီတွင် အလုပ်ရှုပ်နေဆဲ

Your Special Coffee Cup☕️[Completed]Where stories live. Discover now