Ep 10

597 35 0
                                    

Zawgyi

Ep 10

"ဝမ်ရိပေါ် ...ဝမ်ရိပေါ် ထစမ်း.."
မနက်ခင်း အိပ်နေရင်း ရှောင်ကျန့်ရဲ့ အသံစူးစူးကိုကြားတော့ ရိပေါ် လန့်နိုးလာလေသည်

သာယာတဲ့ အသံမဟုတ်ပေမဲ့
ချစ်ရတဲ့ ကျွန်တော့်အတွက်တော့ ဆည်းလည်းသံလေးလို...

ရိပေါ် အိပ်ယာထဲကနေ ကမန်းကတန်းထကာ
ကိုကို့ အသံလာရာ နေရာကို သွားကြည့်လိုက်တော့
မီးဖိုချောင်ထဲမှာ အေပရွန်လေးဝတ်ထားတဲ့ ကိုကို
ကြည့်ပါအုံး ချစ်စရာကောင်းလိုက်တာ

"ဒီမှါ ဘာကြောင်ကြည့်နေတာလဲ..ငါ့လက်ကို ဓားရှသွားလို့.."
ရှောင်ကျန့် မျက်နှာလေး ရှုံ့မဲ့ကာ ပြောနေပုံလေးကြောင့် ရိပေါ်လည်းပြာပြာသလဲ ဆေးသေတ္တာသွားယူလေသည်

"လာ..လာ..ကိုကို ဒီကို လာထိုင်.."
ရိပေါ်လည်း ရှောင်ကျန့် လက်လေးကို ဆွဲပြီး ထိုင်ခုံမှာထိုင်စေလိုက်သည်
ပြီးမှ ဆေးသေတ္တာထဲက အနာကပ်ပလာစတာ ကိုထုတ်ကာ ဓားရှတဲ့ ဒဏ်ရါလေးကို ကပ်ပေးလိုက်လေသည်

ဒဏ်ရာကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရင်းက
ရိပေါ်တွေးမိသွားပြီ
ကိုကိုက ဘာလို့ မီးဖိုချောင်ထဲဝင်ပြီး ဟင်းချက်နေရတာလဲ
သူ့အတွက် မနက်စာကို ကိုကိုက ချက်နေသည်ဟု
တွေးမိလိုက်တိုင်း အပျော်ဆုံးလူသားက
ရိပေါ်ဆိုတဲ့ ကျွန်တော်ပါပဲ 

စိတ်ကူးလေးနဲ့ ပျော်နေတဲ့ ကောင်လေးကို
မဲ့ပြုံးလေးပြုံးရင်း ကြည့်နေတဲ့ ကောင်လေးကတော့
သိလိုက်ပြီ
"မင်းရဲ့ အားနည်းချက်က ရှောင်ကျန့်ဆိုတဲ့ ငါပဲ"

"ကိုကို ဘာတွေချက်နေတာလဲ..ကျွန်တော့် အတွက်မနက်စာ ချက်နေတာလား.."
မျှော်လင့်ချက်ကြီးစွာနဲ့ ရိပေါ်က မေးလိုက်တော့
ရှောင်ကျန့် မျက်နှာမှာ ခက်ထန်သွားပြီး
"အားအားယားယား..မင်းအတွက် ချက်စရာလား..ငါ့ဘာငါတောင် ဘာချက်ရမှန်းမသိဘူး.."
ရှောင်ကျန့် ပြောတဲ့စကားကြောင့် ပြုံးရွှင်နေတဲ့ရိပေါ်မျက်နှာလေး သိသိသာသာ ညှိုးနွမ်းသွားတာကို
ရှောင်ကျန့် မြင်လိုက်ရသည်

ငါ လိုချင်တာ ဒါပဲ
မျှော်လင့်ချက်တွေပေးပြီး ရိုက်ချခံလိုက်ရတဲ့
ခံစားချက်က အရာရာထက် ပိုနာကျင်တာမို့
နောင်လာမယ့် အရာတွေအတွက်
ကြိုတင် ပြင်ဆင်ထား ဝမ်ရိပေါ်
အက်ကြရင်သာ ငါ့ကို မင်းအနားမှာဆက်ထားဖို့
အစွမ်းကုန်အားမွေးထား....

Your Special Coffee Cup☕️[Completed]Where stories live. Discover now