Ep 19

528 30 1
                                    

Zawgyi

Ep 19

"အဆင်ပြေသွားမှာပါ ကိုကို "
မဝင်ရဲလို့ ခြံရှေ့မှာခေါင်းလေးငုံ့နေတဲ့
ရှောင်ကျန့်လက်ကလေးကို ရိပေါ် ဆုပ်ကိုင်လို့
အားပေးစကားလေး ပြောလိုက်သည်

"ဖြစ်  ဖြစ်ပါ့မလား..မား..မားက ခွင့်လွှတ်မှာမဟုတ်ဘူး.."
ကြောက်လွန်းလို့ ရှောင်ကျန့်စကားတွေတောင်
အထစ်ထစ် အငေါ့ငေါ့ ​ဖြစ်နေလေပြီ

"အင်း  အဆင်ပြေမှာပါ မောင်နဲ့ရင်ဆိုင်ကြမယ်လေနော်  "
ဆုပ်ကိုင်ထားတဲ့ လက်ကလေးကို ပိုမို တင်းကျပ်စေလိုက်ပြီး
ခြံတံခါးက ဘဲလ်ကို တီးဖို့ လက်လှမ်းလိုက်စဉ်

"မောင် !မောင် လားဟင် မောင်ပြန်လာတယ်နော်"
ပင်းပင်း တစ်ယောက် မျက်ရည်တွေစီးကျကာ
ရှောင်ကျန့်ကို ပြေးဖက်လေသည်

"မောင် ပင်ပင်းဆီကို ပြန်လာတယ်နော်  ကျေးဇူးပါ မောင်....တကယ်ကို ကျေးဇူးပါ "
ဖက်ထားရင်း စကားတွေတရစပ်ပြောနေတဲ့ ပင်ပင်းကြောင့် ရှောင်ကျန့်မှာ တောင့်တောင့်ကြီးဖြစ်နေပြီ
မျက်လုံးတွေကလည်း ရိပေါ်ကို အားနာသလိုနဲ့
ဟိုဘက်ထောင့်ကပ်လိုက် ဒီဘက်ထောင့်ကပ်လိုက်နဲ့
ဂဏါမငြိမ်
ဖက်ထားတဲ့ ပင်ပင်းကိုလည်း ဆွဲခွါပစ်ဖို့ရာ
လက်တွေကလည်း ဆွဲမခွါရက်
"အဟမ်း  ဒါ ခင်ဗျား ရဲ့မောင်မဟုတ်ဘူး
ကျုပ်ရဲ့ ကိုကို"
ရိပေါ် ပြောလည်းပြော လက်တွေကလည်း
ပင်ပင်းကို ဆွဲခွါပြီး ရှောင်ကျန့်လက်ကို ဆုပ်ကိုင်လိုက်သည်

"နင် နင် ဝမ်ရိပေါ် ..နင့်ကြောင့် မောင် က ငါ့ကို .."
ပင်ပင်း စကားဆက်မပြောနိုင်တော့ဘဲ
ရိပေါ် ကို ပါးရိုက်လိုက်လေသည်

"ပင်ပင်း  ..နင် မောင့်ကို အဲ့လိုမလုပ်နဲ့ !"
ရှောင်ကျန့် ပင်ပင်းကို အော်ပစ်လိုက်ပြီး
ရိပေါ်ရဲ့ ပါးလေးကို လက်လေးနဲ့ဖွဖွလေးကိုင်ကာ
"မောင် မောင် အဆင်ပြေရဲ့လား?? ကိုကိုတောင်းပန်ပါတယ် ကိုကို့ကြောင့်   "

"ဘာမှ မဖြစ်ဘူး ကိုကို..မောင် အဆင်ပြေတယ် "

မျက်စိရှေ့မှာ အဖြစ်သည်းနေတဲ့ ချစ်ရသူနဲ့ ရိပေါ်ကိုကြည့်ပြီး ပင်ပင်းမှာ မျက်ရည်တွေက တာကျိုးနေလေပြီ

Your Special Coffee Cup☕️[Completed]Donde viven las historias. Descúbrelo ahora