Zawgyi
Ep 3
မျက်ထောင့်နီကြီးနဲ့ ရုံးခန်းထဲမှာ ထိုင်နေတဲ့
ရှောင်ကျန့်ကို ပင်ပင်းမြင်လေတော့
"မောင်..ဘာဖြစ်နေတာလဲ...မျက်နှာကြီးကလည်း သုန်မှုန်လို့"
ပင်ပင်း မေးနေသော်လည်း ရှောင်ကျန့်မှာမကြားတာမို့
"မောင်..လို့..မောင်.""ဟမ်...ဟမ်..အော် ပင်ပင်း..ဘယ်ချိန်တည်းကရောက်နေတာလဲ.."
ကျွန်တော် ဒေါသထွက်သွားတာဗျာ
ကျွန်တော့ ချစ်သူဝင်လာတာတောင်
မသိလိုက်ဘူးဖြစ်သွားတယ်"မောင်နော်..ဘာတွေစဉ်းစားနေလို့ ပင်ပင်းဝင်လာတာတောင် မသိရတာလဲ.."
"ဘာရယ်မဟုတ်ပါဘူး..အလုပ်ကိစ္စပါ.."
ရှောင်ကျန့်လည်း ပြောပြီး အလုပ်ဆက်လုပ်နေလိုက်သည်ကိုယ့်ချစ်သူတစ်ယောက်လုံးလာတာတောင်
အရေးမလုပ်ဘဲ အလုပ်ပဲဆက်လုပ်နေတဲ့ ရှောင်ကျန့်ကို
ပင်ပင်း စိတ်မရှည်တော့ပါ"မောင်...မောင် ပင်ပင်းကိုချစ်ရဲ့လားဟင်.."
"ဘာအတွက်မေးတာလဲ..ပြီးတော့ ဒီကို ဘာကိစ္စနဲ့လာတာလဲ"
ရှောင်ကျန့်မေးလိုက်တော့ ပင်ပင်းမျက်နှာပျက်သွားလေသည်မောင်ရယ် စကားတွေက ရင့်သီးလိုက်တာ
ချစ်သူသက်တမ်းတစ်လျှောက် မောင့်ဆီက
ချိုသာတဲ့ စကားသံတွေကို ပင်ပင်းတစ်ခါလေးတောင်
မကြားဖူးခဲ့ပါဘူး
ကျေးဇူးပြု၍ ဒီလိုမရက်စက်ပါနဲ့လား မောင်ရယ်..."မောင်ရယ်..ပင်ပင်းက ကိစ္စရှိမှလာရမှာလားလို့. မောင့်ကို လွမ်းလို့ပေါ့.."
ဆိုပြီး အလုပ်လုပ်နေတဲ့ ရှောင်ကျန့်ရဲ့ ပေါင်ပေါ်ကို
တက်ထိုင်လိုက်လေသည်ပင်ပင်းကို ချစ်တာတော့ ချစ်သည်
သူဒီလို လုပ်တာတွေတော့ တကယ်မကြိုက်တာ
ချစ်သူသက်တမ်းတစ်လျှောက် ပေါင်ပေါ်ကိုတက်ထိုင်ဖို့
မပြောနဲ့ လက်တောင် မတော်တဆပဲကိုင်ဖူးတာ"ပင်ပင်း..ထကွာ..ဒီလို လုပ်တာ မောင်မကြိုက်ဘူးနော်.."
ရှောင်ကျန့်လည်း ပင်ပင်းကို ဖယ်ခိုင်းလိုက်တော့
ပင်ပင်းလည်း ရှောင်ကျန့်ပေါင်ပေါ်က ဆင်းပြီး
စိတ်ကောက်သွားလေသည်
ESTÁS LEYENDO
Your Special Coffee Cup☕️[Completed]
FanficWang Yibo မကြိုက်မှန်းသိပေမဲ့ သောက်ဖို့ရာဆန္ဒရှိတဲ့အခါ ကော်ဖီခွက်လေး အနားမှာရှိတယ် မချစ်မှန်းသိပေမဲ့ အကယ်၍များဆိုတဲ့စိတ်နဲ့ အနားမှာ ကပ်တွယ်ချင်သေးတာ ချစ်ချင်မှ ချစ်ပါ ရိပေါ်က ကိုကို့ရဲ့ ကော်ဖီခွက်လေး...☕️ Xiao Zhan ရွေးချယ်စရာတွေ အများကြီးရှိရင်တေ...