Ep 8

602 39 0
                                    

Zawgyi

Ep 8

"သား..မင်း တကယ်ပြောနေတာလား.."
ဝမ်ရိပေါ်ရဲ့ စကားကြောင့် ဝမ်ပါး အံ့သြသွားလေသည်

"စကားကို နှစ်ခါမပြောချင်ဘူး.."
ပြတ်သားစွာပြောလိုက်တဲ့ ဝမ်ရိပေါ်ကို ဝမ်ပါးသိပ်မကျေနပ်သော်လည်း အနှစ်နှစ်အလလက တာဝန်ယူဆက်ခံစေချင်တဲ့
ကုမ္ပဏီကို သားတစ်ယောက်အနေနဲ့ တာဝန်ယူမယ်လို့ပြောနေတာကြောင့် ငြိမ်နေလိုက်ရသည်

အရင်က ဒီကောင်လေးကလေ ကုမ္ပဏီကိုဉီးစီးမယ်ဆိုတဲ့
စကားမပြောနဲ့ ကုမ္ပဏီရဲ့ မီတာ100အတွင်းတောင်
သူ့အရိပ် မကျစေရဘူး အဲ့လောက်ကို စိတ်မဝင်စားတာ
ကိုယ်နဲ့ အဆင်မပြေတာလည်း ပါတာပေါ့လေ
ကိုယ့်သားတစ်ယောက်အနေနဲ့ ကုမ္ပဏီအလုပ်ကို
မလုပ်ချင်တာ ခုတော့ ဘာဆေးမိလာလဲမသိဘူး
အလုပ်တွေဘာတွေ လုပ်ချင်တယ်တဲ့လေ...

"အေးပါ..ဒါဆို ပါးအနားယူလိုက်တော့မယ်နော်..ငါ့သားဉီးစီးမယ်ဆိုတော့လေ.."

"အင်း..."
ဝမ်ရိပေါ် ပြတ်သားစွာ​ အင်း ဆိုသော စကားတစ်လုံးသာပြောပြီး ပြန်ထွက်သွားလေသည်

ကိုကို့ကို ရှာကျွေးဖို့ ကိုကို အားကိုးနိုင်ဖို့
အလုပ်လုပ်ရမယ်......

"ရှောင်ကျန့် မင်းဒီလို လုပ်နေလို့ မဖြစ်ဘူး မင်းစဉ်းစား
မင်း လွတ်နိုင်မယ့် နည်းကို စဉ်းစားစမ်း.."
ရှောင်ကျန့် တစ်ယောက် အကြံထုတ်နေရင်းနဲ့
ပြတင်းပေါက်ကို လှမ်းကြည့်လိုက်မိသည်

"အာ ဟုတ်တယ် ပြတင်းပေါက်..ဒီ ပြတင်းပေါက်က ခုန်ချရမယ်..."
ရှောင်ကျန့် တစ်ယောက် ခန်းဆီးတွေကိုဖြုတ်ပြီး
တွဲလျှက်ချည်ကာ ပြတင်းပေါက်ကနေ ပစ်ချလိုက်သည်
ပြီးမှ ပြတင်းပေါက်ကနေတွဲချည်ထားတဲ့ ခန်းဆီးစတွေကို တွဲခိုပြီး အောက်ကို ဆင်းသွားလေသည်

"ဟမ့်..လွတ်ပြီ အရူးလက်ကနေ..မင်းတစ်ယောက်ထဲ ကျန်ခဲ့ပေတော့ ဝမ်ရိပေါ်..."

"ဝုတ်...ဝုတ်.."

"ဟမ်..ဘာသံလဲ..ခွေး..ခွေးမလား.."
ရှောင်ကျန့် လွတ်မယ်ဆိုပြီး ပျော်နေတုန်း
ခွေးဟောင်သံကြားလိုက်ရလို့ နောက်ကိုလှည့်ကြည့်လိုက်တော့ ခွေးကြီးမှ အကြီးကြီး...
"အား...ကယ်..ကယ်ကြပါအုံး.."
ရှောင်ကျန့် ရှေ့ကပြေး ခွေးက နောက်ကလိုက်နဲ့
ခြံဝန်းထဲ ပတ်ပြေးနေလေသည်
ပြေးတာ ကြာနေပေမဲ့ ခွေးကလည်း တောက်လျှောက်လိုက်နေလေသည်
ရှောင်ကျန့်လည်း ပတ်ပြေးရင်း ချော်လဲသွားလေသည်

Your Special Coffee Cup☕️[Completed]Wo Geschichten leben. Entdecke jetzt